Connect with us

Agriculture

ပွင့်ဖြူမြို့နယ်၌ ၂၀၁၈ – ၂၀၁၉ ခုနှစ် တွင် မိုးစပါးသီးနံှ ၇၁,၈၈၅ ဧက စိုက်ပျိုးရန်လျာထား

လယ်စိုက်ခင်းများအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၈ – ၂၀၁၉ ခုနှစ်တွင် မြို့နယ်အတွင်း မိုးစပါးသီးနှံ စိုက်ပျိုးဧက ၇၁,၈၈၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

မိုးစပါးသီးနှံ စိုက်ပျိုးမည့် တောင်သူများကိုလည်း မိုးစပါးသီးနှံ အချိန်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးပျိုးထောင်ရေနှင့် သီးနှံစိုက်ပျိုးရေများကို စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနရုံးမှ သိရသည်။

ယခု ၂၀၁၈ – ၂၀၁၉ ခုနှစ် ပွင့်ဖြူမြို့ နယ် တစ်မြို့နယ်လုံးစာ အနေဖြင့် စိုက်ပျိုးမည့် မိုးစပါးသီးနှံစိုက်ဧကများသည် မဲဇလီရေလွဲှဆည်ရေဖြင့် (၆၁,၄၉၉)ဧက၊ အိုင်းမရေလွဲှဆည်ရေဖြင့် (၂၇၀၇)ဧက၊ လင်းဇင်း ရေလွဲှဆည်ရေဖြင့်(၂၁၅၀)ဧက၊ လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် (၈၈၂)ဧက၊ ဆည်၊ ကန်ငယ်များဖြင့် (၃၈၂)ဧက၊ ရေစုပ်စက်စနစ်ဖြင့်(၁,၁၁၆)ဧက၊ မိုးကောင်းသောက် စနစ်ဖြင့်(၃,၁၄၉)ဧက ၊ စုစုပေါင်း လျာထား စိုက်ဧက(၇၁,၈၈၅)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.