Connect with us

Culture & Entertainment

ငြိမ်းချမ်းရေးဂီတပွဲတော် မြို့ကြီး ၁ဝ မြို့တွင် ကျင်းပရန် လျာထား

ငြိမ်းချမ်းရေးဂီတပွဲတော် အမှတ် တံဆိပ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Peace Music Festival)

ရန်ကုန် ၊ မေ ၁၇ ရက်(ဆင်ဟွာ)

ငြိမ်းချမ်းရေးဂီတပွဲတော်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ လားရှိုး၊ မြစ်ကြီးနား၊ စစ်တွေနှင့် ကလေးစသည့် မြို့ကြီး ၁ဝ မြို့တွင် ပထမ အဆင့် အနေဖြင့် ဇွန်လမှ သြဂုတ်လ အထိ ရက်သတ္တပတ်တစ်ပတ်လျှင် တစ်မြို့နှုန်းဖြင့် ကျင်းပရန် လျာထား ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော သီချင်းများဖြင့် သီဆို ယှဉ်ပြိုင်ရမည့် ငြိမ်းချမ်းရေး ဂီတပွဲတော် (Peace Music Festival)ကို အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် စည်းလုံး ညီညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆိုသည့် ရည်ရွယ်ချက်များ နှင့် နိုင်ငံ တစ်ဝန်း ကျင်းပရန် စီစဉ် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ငြိမ်းချမ်းရေးဂီတပွဲတော်ကို အဆင့် သုံးဆင့်ဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး တစ်မြို့ လျှင် ပျမ်းမျှ သုံးဦး နှုန်းဖြင့် မြို့ကြီး ၁ဝ မြို့မှ ၃ဝ နှင့် အသံစစ်အဖွဲ့များက အထူးရွေးချယ်သူ ငါးဦး စုစုပေါင်း ၃၅ ဦးကို ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း ၊ နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုအနေဖြင့် ၁ဝ ဦး သီဆိုနိုင်စေရန် နာမည် ကြီး တေးသီချင်းရေးသားသူများထံမှ တေးသီချင်းအသစ်များကို ရေးသား ထားစေပြီး ငြိမ်းချမ်းရေးဂီတပွဲတော် Music Live Show ပွဲအဖြစ် နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေ တင်ဆက်မှုများ၊ နောက်ဆုံးအဆင့် စာရင်းဝင်သုံးဦးမှ တစ်ဦးချင်း၊ စုံတွဲ နှင့်အဖွဲ့လိုက် သီဆိုတင်ဆက်မှုများ၊ နောက်ဆုံးအဆင့် နှစ်ဦး၏ ယှဉ်ပြိုင်မှု များနှင့် ဆုချီးမြှင့်မှုများ ဆောင်ရွက် သွားမည်ဟု သိရသည်။

နောက်ဆုံး ဆုရွေးချယ်ပွဲကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအဆင့်ဆင့် ကျင်းပမှုများကို တိုက်ရိုက်ထုတ်လွှင့်နိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆုရပြိုင်ပွဲဝင်များအတွက် ဆုကြေး များကို ပထမဆု ငွေကျပ်သိန်း ၃ဝဝ၊ ဒုတိယဆု ငွေကျပ်သိန်း ၂ဝဝ၊ တတိယဆု ငွေကျပ်သိန်း ၁ဝဝ၊ နှစ်သိမ့်ဆု တစ်ဦးလျှင် ငွေကျပ်သိန်း ၃ဝ နှင့် နှစ်သိမ့်ဆု ခုနစ်ဆု ပေးအပ် မည်ဟု လျာထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.