Connect with us

Culture & Entertainment

အိမ်ထောင်ရှင် အမျိုးသမီးများအတွက် အလှမယ်ရွေးချယ်ပွဲ သြဂုတ်လတွင် ကျင်းပမည်

Mrs Golden Land Myanmar ကြော်ငြာပုံအားတွေ့ရစဉ် (ဓာတ်ပုံ--Mrs Golden Land Myanmar)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အိမ်ထောင်ရှင် အမျိုးသမီးများအတွက် Mrs Golden Land Myanmar 2017 အလှမယ်ရွေးချယ်ပွဲ ကို သြဂုတ်လတွင် ကျင်းပမည်ဖြစ်ပြီး အလှမယ်လျှောက်လွှာများကို ဇွန်လ ၃၀ ရက်နေ့ တွင် www.facebook.com/MrsGoldenLand သို့ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

Mrs Golden Land Myanmar မှ တာဝန်ရှိသူ ဦးဖြိုးမင်းသုတက “ ဒီပွဲက ဒုတိယ အကြိမ်မြောက်ကျင်းပတဲ့ပွဲပါ။ ပြိုင်ပွဲကို ရန်ကုန်မြို့၊ MCC (Myanmar Convention Center) မှာ ကျင်းပမှာပါ။အပျိုစင်အမျိုးသမီးများလို အိမ်ထောင်ရှင်အမျိုးသမီးတွေ၊ ကလေးမိခင်တွေ အနေနဲ့ လှပရဲရင့်တက်ကြွမှုတွေ ကို ပြနိုင်ဖို့ ၊ အမျိုးသမီးများရဲ့အရည်အချင်းကို ချပြနိုင်ဖို့ ဒီပွဲကို စီစဉ်ဖြစ် တာပါ’’ ဟုဆင်ဟွာကိုပြောသည်။

ပြိုင်ပွဲ သို့လျှောက်ထားရမည့် သူများအနေဖြင့် အိမ်ထောင်ရှင်အမျိုးသမီး (သို့မဟုတ်) အိမ်ထောင်ကျဖူးသူ(Divorced/Separated)များ လျှောက်ထားနိုင်ပြီး၊ အသက်၊ အရပ်၊ ကိုယ်အတိုင်းအတာ၊ ကိုယ်အလေးချိန်၊ပညာ အရည်အချင်း ကန့်သတ်မထားကြောင်း၊ ရေကူးဝတ်စုံ ဖြင့်လည်း ယှဉ်ပြိုင်ရန် မလိုအပ်ကြောင်း သိရသည်။ သားသမီးရှိသူများရော၊ မရှိသူများရော ထိုပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် လျှောက်ထားနိုင်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်မည့် သူများအနေဖြင့် အမည်၊ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊ အသက်၊ အလုပ်အကိုင် နှင့် နေရပ်လိပ်စာ တို့ကို မိမိ၏ စိတ်ကြိုက်ဓာတ်ပုံ (၃) ပုံနှင့်တကွ

Facebook Message Box ကနေတဆင့် ရေးသားပေးပို့ပြီး ပြိုင်ပွဲဝင်ခွင့်အတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။

ပြိုင်ပွဲ နှင့် ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက ဖုန်း- 09259998335 ကို ဆက်သွယ်မေးမြန်းနိုင်သလို Mrs Golden Land Myanmar Facebook Official Page ၏ Chat Box မှ တဆင့်မေးမြန်းနိုင်ကြောင်း သိရသည်။

ဦးဖြိုးမင်းသုတ က “ပထမအကြိမ်တုန်းက ကျွန်တော်တို့ လျှောက်လွှာပေါင်း ၁၈၀၀ ကျော်ကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီထဲကမှ ၄၀၀ ကိုရွေးထုတ်ပြီး လူတွေ့စစ်ဆေးပါတယ်။ အဲဒီထဲက မှ အမျိုးသမီး အယေက် ၁၂၀ က ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပြီး အလှမယ်ဆုပေါင်း၈ ခုကို ချီးမြှင့်ပေးနိုင်ခဲ့ပါတယ်’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.