Connect with us

Culture & Entertainment

စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့ တွင်(ပထမ)အကြိမ် ကျောက်မျက် ရတနာအချောထည်နှင့် ကျောက်စိမ်း တွဲများ ရောင်းချပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့တွင်ရောင်းချသည့် ကျောက်စိမ်းတွဲများကြည့်ရှုနေကြစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့ တွင် ကျောက်မျက်လုပ်ငန်းရှင်များအသင်း (စစ်ကိုင်း)မှ ကြီးမှူး၍ (ပထမ)အကြိမ် ကျောက်မျက် ရတနာအချောထည်နှင့် ကျောက်စိမ်း တွဲများ ရောင်းချပွဲဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၇ ရက် က ခရိုင်ချင်းဆက် လမ်းရှိ ထက်ကျော်ကိုယ်ပိုင် အထက် တန်းကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချပွဲကို ဩဂုတ် ၂၇ရက်မှ စက်တင်ဘာ ၁ ရက်အထိ လေလံစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး ကျောက်မျက်ကုမ္ပဏီ ၁၀၀ ကျော် တို့က ကျောက်စိမ်းအတွဲ ၂၀၀၀ ကျော် ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.