Connect with us

Culture & Entertainment

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရန်ကုန်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့များထံ သွားရောက်လှူဒါန်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သျှရီသျှရီစန္ဒီမယ်တော်ဘုရားကျောင်းသို့ လာရောက်စဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုအဖွဲ့များနှင့် စေတနာရှင် ပြည်သူများက ယနေ့ စက်တင်ဘာ ၁၇ ရက်၌ ရန်ကုန်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့များ ထံ အလှူငွေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ညောင်တုန်းကျောင်းတိုက်၊ ဇီဝိတဒါန သံဃာ့ဆေးရုံ၊ မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ၊ သျှရီ သျှရီ စန္ဒီမယ်တော် ဘုရားကျောင်း၊ ကက်သလစ်သီလ ရှင်လေးများ ဘိုးဘွားရိပ်သာ၊ တောင်ဘက်မုဒ် ဇီဝကလမ်းရှိ ဇဖရ်ရှားဂူဗိမာန်(Tomb of Bahadur Shah Zafar)စသည့်နေရာများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သွားရောက်ပြီး အလှူငွေပေးအပ်ခြင်း၊ လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်သို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုနှင့် စေတနာရှင်ပြည်သူများက ကျပ်သိန်း ၆၀ နှင့် လှူဖွယ်ပစ္စည်း အချို့ကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ သျှရီသျှရီစန္ဒီမယ်တော်ဘုရားကျောင်းတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.