Connect with us

Culture & Entertainment

မြန်မာနိုင်ငံတွင်း ရုပ်ရှင်ရုံ၁၀၀ဆောက်လုပ်ရန် စီစဉ်

ရုပ်ရှင်ရုံ ၁၀၀ လုပ်ငန်းစီမံကိန်း စာနယ်ဇင်းရှင်းလင်းပွဲတက်ရောက်လာသူများ အားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်း ရုပ်ရှင်ရုံ၁၀၀ ဆောက်လုပ်နိုင်ရန် စီစဉ်နေကြောင်း ယနေ့ကျင်းပသော ရုပ်ရှင်ရုံ ၁၀၀ လုပ်ငန်းစီမံကိန်း စာနယ်ဇင်းရှင်းလင်းပွဲတက်ရောက်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ရုပ်ရှင်ရုံ ဆောက်လုပ်မည့် ပုံကြမ်းများ၊ စီမံကိန်းအချက်အလက်များ ပရိုဂျက်တာနှင့် ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်သည်များကို ယနေ့ မြရိပ်ညိုတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ဆွေးနွေးကြသည်။
ယင်း ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းလုပ်ငန်းအတွက် ကော်မတီဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီ၌ သရုပ်ဆောင်လွင်မိုး၊ ဇာဂနာ၊ အရိုင်း နှင့် စတူဒီယို ၃၅ က ကိုတင်မောင်ဝင်း တို့ပါဝင်ကာ ယင်းအဖွဲ့အစည်းကို ကမ္ဘောဇ က ကူညီပံ့ပိုးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်း တည်ဆောက်ရန် စီစဉ်ထားသည့် ရုပ်ရှင်ရုံ ၁၀၀အတွက် ရင်းနှီးမြှုပ်နှံမှု ကျပ်ငွေဘီလီယံ ၂၀ ကျော် လောက် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး စီမံကိန်းကာလကို ၂ နှစ်သက်မှတ်ထားသည်။
ရန်ကုန် ၂၄ ရုံ၊ မန္တလေး ၁၅ ရုံ၊ ပဲခူး ၁၂ ရုံ၊ စစ်ကိုင်း ၈ ရုံ၊ မကွေး ၈ ရုံ၊ ဧရာဝတီ ၁၉ ရုံ၊ တနင်္သာ ၂ ရုံနှင့် မွန်ပြည်နယ် ၆ ရုံ၊ ရခိုင်ပြည်နယ် ၅ ရုံ၊ ရှမ်းပြည်နယ် ၁၂ ရုံ၊ ချင်းပြည်နယ် ၁ ရုံ၊ ကချင်ပြည်နယ် ၁ ရုံ၊ ကာယားပြည်နယ် ၁ ရုံ ဆောက်လုပ်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.