Connect with us

Culture & Entertainment

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ဖြစ်စေရေး ဇုန်နယ်နိမိတ် ပြင်ဆင် သတ်မှတ် ရေးဆွဲရေး လုပ်ငန်း အဖွဲ့ ဖွဲ့စည်း

ပုံဂံ ရှေးဟောင်း ဘုရားပုထိုးများ မြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်စေရေး အတွက် ဇုန်နယ်နိမိတ် သတ်မှတ်ခြင်း လွယ်ကူ အဆင်ပြေချောမွေ့စေရန် ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသ ဇုန် နယ်နိမိတ် ပြင်ဆင် သတ်မှတ် ရေးဆွဲရေး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသ ဇုန်နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရေးဆွဲရေး လုပ်ငန်းအဖွဲ့အား မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ၊ မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်း ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ၊ UNESCO တို့ အပါအဝင် ဌာနဆိုင်ရာများ၊ ပညာရှင်များ စုစုပေါင်း အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ထို့အတူ ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသအား ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် ပုဂံဒေသ ဘက်စုံ စီမံကိန်း MasterPlan အား ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကာကွယ် ထိန်းသိမ်းနိုင်ရန် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် (Ancient Monumental Zone) ၊ ရှေးဟောင်းနေရာ တည်ရှိရာဇုန်(Ancient Site Zone) နှင့် ကာကွယ် ထိန်းသိမ်း ထားသောဇုန် (Protected and Preserved Zone) အဖြစ် ပညာရှင်များ ပူးပေါင်း၍ သတ်မှတ်ခဲ့ပြီး ဇုန်အတွင်း၌ လူနေအိမ်ခြေများ ပါဝင်နေ သည့် အတွက် ဒေသခံတို့၏ လူမှုစီးပွား ဘဝကို ထည့်သွင်း တွက်ချက်နေရသည်များ လည်းရှိပြီး တစ်ဘက်တွင် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ရေး ဆောင်ရွက်နေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.