Connect with us

Culture & Entertainment

လူမှုကွန်ယက်ပေါ်မှ သုံးစွဲသူစိတ်ကြိုက် အနုပညာဖန်တီးမှုလက်ရာအား နှစ်သက်သူများလာ

မငယ်ငယ်၏ သုံးစွဲသူစိတ်ကြိုက် အနုပညာလက်ရာများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ကိုယ်ပိုင်ဟန်ပန် အမူအရာများနှင့် နေထိုင်မှုကို ကြိုက်နှစ်သက်သော ယနေ့ခေတ် လူငယ်များ အကြား မိမိ စိတ်ကြိုက် အနုပညာ လက်ရာ (customized art) များကို အသုံးအဆောင် ပစ္စည်းများပေါ်တွင် ရေးဆွဲ ဝတ်ဆင်မှုများအား ကြိုက်နှစ်သက် လာခဲ့ကြသည်၊  

ပန်းချီအနုပညာကို ငယ်စဉ်ကတည်းက ချစ်မြတ်နိုးခဲ့သော ငယ်ငယ်သည် သူမ၏ကလေးဘဝတွင် ခဲတံ၊စာရွက်တို့နှင့် အတူဆော့ကစားခြင်းကိုပင် အလွန်နှစ်သက် မြတ်နိုးခဲ့သည်။ပန်းချီအနုပညာကို ချစ်မြတ်နိုးသည်သာမက ပန်းချီပုံများ ကြည့်ရှုခံစား မှုကိုပါကြိုက်နှစ်သက်သော ငယ်ငယ်သည် လူငယ် ဘဝတွင်လည်း ပန်းချီပြပွဲများ မကြာခဏ သွားရောက်လေ့လာတတ်ပြီး မိမိကိုယ်တိုင်ပင် ပန်းချီပြပွဲ ကျင်းပခဲ့ဖူးသည်။

ကိုယ်ပိုင်ဟန် အမူအရာတို့နှင့် နေထိုင်မှုကို ကြိုက်နှစ်သက်သော ငယ်ငယ်သည် မိမိကိုယ်တိုင်အသုံးအဆောင် ပစ္စည်းတို့ကို ကြိုက်နှစ်သက်ရာ ပန်းချီရုပ်ပုံများဆွဲပြီး ကိုင်ဆောင်လျက်ရှိရာ မိမိ၏အနုစိတ်လှသည့် ပန်းချီအနုပညာ လက်ရာများကို ကြိုက်နှစ်သက်လာသည့် သူငယ်ချင်းများက ၎င်းတို့၏ အသုံးအဆောင်ပစ္စည်း များပေါ်တွင်လည်း ကြိုက်နှစ်သက်ရာ ရုပ်ပုံများ  ဆွဲခိုင်းစေခဲ့သည်။ထိုကမှ တစ်ဆင့်စကားတစ်ဆင့်ကြားဆိုသလို ငယ်ငယ်၏ အနုပညာဖန်တီးမှုများက ပိုမိုကျယ်ပြန့်လာခဲ့သည်။

ထိုသို့ လူအများလက်ခံပြီး ကျယ်ပြန့်လာသော ငယ်ငယ်၏အနုပညာ ဖန်တီးမှုများက ငယ်ငယ်ကို customized artwork  လုပ်ငန်းလုပ်ကိုင်ရန်  ခွန်အားများ ဖြစ်စေခဲ့သည်။”ဒီအလုပ်ကို အမ တမင်သက်သက် ရွေးချယ်ခဲ့တာတော့မဟုတ်ဘူး အမအသုံးအဆောင်ပစ္စည်းတွေအပေါ် ကိုယ်တိုင်ဆွဲပြီး ကိုယ့်page ပေါ်တင်ဖြစ်တယ် ခင်တဲ့သူငယ်ချင်းတွေ သဘောကျပြီး လာဆွဲခိုင်းရင်း နောက်ပိုင်းများလာတော့ ဒီလိုလုပ်ဖြစ်သွားတယ်”ဟု ဆင်ဟွာသို့ ဖြေကြားခဲ့သည်။ယခုအချိန်တွင် လူမှုကွန်ယက်တစ်ခုဖြစ်သော facebook ပေါ်တွင် Nge’s customized art ဟူသည့် page အမည် ဖြင့်အတည်တကျ လုပ်ကိုင်နေသည် မှာတစ်နှစ်ကျော် အချိန်မျှ ရှိနေပြီဖြစ်သည်။

မငယ်ငယ်၏ သုံးစွဲသူစိတ်ကြိုက် အနုပညာလက်ရာများအား တွေ့ရစဉ်(ဆင်ဟွာ)

မငယ်ငယ်၏ သုံးစွဲသူစိတ်ကြိုက် အနုပညာလက်ရာများအား တွေ့ရစဉ်(ဆင်ဟွာ)

မငယ်ငယ်၏ သုံးစွဲသူစိတ်ကြိုက် အနုပညာလက်ရာများအား တွေ့ရစဉ်(ဆင်ဟွာ)

မငယ်ငယ်၏ သုံးစွဲသူစိတ်ကြိုက် အနုပညာလက်ရာများအား တွေ့ရစဉ်(ဆင်ဟွာ)

ငယ်ငယ်သည် အသုံးအဆောင်ပစ္စည်းများဖြစ်သော ဖိနပ်၊လက်ကိုင်ပုဝါ၊အိတ်၊အကျီၤ စသည်တို့ပေါ်တွင်သုံးစွဲသူများစိတ်ကြိုက်ကာတွန်းဇာတ်ကောင်များ၊ပန်းပုံများ၊ရိုးရာကနုတ်ပုံများ၊ ရှုခင်းပုံများရေးဆွဲပေးလျှက်ရှိသည်။”တစ်ချို့ကလည်း သူတို့လိုချင်တာကို သေချာမပြောဘူး သူတို့ကြိုက်မယ့် ပုံစံကိုသာ အဆင်ပြေသလိုဆွဲပေးခိုင်းတယ် ဆိုတော့ အမလည်း သူတို့ pages ထဲဝင်ပြီး သူတို့ဘာကြိုက်တတ်လည်း ဆိုတာကိုကြည့် ပြီးဆွဲပေးရတယ်”ဟု ဆင်ဟွာသို့ ဖြေကြားခဲ့သည်။

Customized art လုပ်ငန်းသည် အလွန်အနုစိတ်လှပြီး မိမိcustomer များကြိုက် နှစ်သက်နိုင်မည့် အရာများကို စေတနာနှင့်ရင်းကာ လုပ်ဆောင်ပေးရသော အနုပညာလုပ် ငန်းတစ်ရပ်ဖြစ်သည်။အဖြူရောင် ရှုးဖိနပ်လေး တစ်ရံပေါ်တွင် အနောက်တိုင်း Avenger ဇာတ်ကားမှ ဟီးရိုးအချို့နှင့်အတူ မြန်မာတို့၏ တန်ဖိုးထား ခွန်အားယူ ဖွယ်ဖြစ်သော ရိုးရာပစ်တိုင်းထောင် ရုပ်ပုံကို အတူတကွ ရေးဆွဲထားသည်မှာ ငယ်ငယ်၏ထူးခြားသော အနုပညာဖန်တီးမှု ပင်ဖြစ်သည်။

တစ်မူထူးခြားသည့် ငယ်ငယ်၏အနုပညာဖန်တီးမှုများကို သုံးစွဲသူများကအလွန် ကြိုက်နှစ်သက် လက်ခံကြသည်။” ဒီလိုပစ္စည်းမျိုးတွေက limited တော့ limited ပဲ၊ ဒါပေမဲ့ သူထွက်တဲ့အိုင်ဒီယာက မတူဘူး။ ပထမတစ်ပုံဆွဲပေမဲ့ နောက်တစ်ပုံကျတော့ အိုင်ဒီယာက ပိုလန်းလာတယ်။ အဲဒီလိုမျိုးက ညီမတို့ လိုချင်တဲ့ပုံစံကို မှာတဲ့အတွက်၊ ညီမတို့ လိုချင်တဲ့ပုံစံရတဲ့အတွက် ညီမတို့ ကိုယ်ပိုင်ပစ္စည်းဖြစ်သွားတယ်လို့ ခံစားရတယ်။ ဒီလိုမျိုးတွေ များများဆွဲစေချင်တယ်။ နောက်ထပ်လည်း ဒီလိုမျိုးတွေ ထပ်ပေါ်လာရင်ကောင်းမယ်”ဟု သုံးစွဲသူ မနှင်းနုလွင်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ငယ်ငယ်၏အနုပညာဖန်တီးမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ မတူညီသော customer များ၏ တောင်းဆိုမှုပုံစံသည်လည်း များပြားလာခဲ့ရာ သူမအတွက် စိန်ခေါ်မှုအသစ်များ ရှိနေဆဲဖြစ်သည်။”အမအတွက်အခု အခက်အခဲကတော့ ပုံတူဆွဲရတာပါ တစ်ချို့ကလက်ဆောင်ပေးရင်ဖြစ်ဖြစ် အကျီႍပဲဖြစ်ဖြစ် နိုင်ငံခြားက artist ပုံတူတွေပေါ့ အမလည်း customized လို့ပြော ထားတဲ့အတွက် ငြင်းလည်းမငြင်းချင်ဘူး အဲ့ဒီအတွက် အရမ်းလည်း ကြိုးစားနေတယ် ”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပုံများ အချိန်ကြာရှည်စွာနှင့်ရေစိုခြင်းများ ခံနိုင်ရန် ပန်းချီပုံများကိုဆွဲရာတွင် အများဆုံးအသုံးပြုသော acrylicဆေးနှင့်စုတ်တံများကို အသုံးပြုပြီး  ရေးဆွဲသည်။ယခုလက်ရှိချိန်တွင် ငယ်ငယ်သည် ဖိနပ်ပေါင်း အရံပေါင်းတစ်ရာကျော်၊ပဝါ ဆယ်ခုကျော်နှင့်အခြားအသုံးအဆောင် ပစ္စည်းများအပေါ်တွင် အနုပညာပန်းချီ လက်ရာများ ဖန်တီးထား ပြီးဖြစ်သည်။ 

အသုံးအဆောင်ပစ္စည်းများ အပေါ်တွင် မိမိတို့ ဘဝအတွက်အမှတ်တရ အရာများနှင့် ကြိုက်နှစ်သက်ရာ ရုပ်ပုံများရေးဆွဲ ခြင်းသည်လည်း တန်ဖိုးမဖြတ်နိုင်သော အရာတစ်ခု ဖြစ်သည်။”အမကတော့ customized ဆွဲရတာကိုသဘောကျတယ် တန်ဖိုးအရမ်းကြီးချင်မှ ကြီးမယ် သို့သော် ဘယ်မှာမှရှာဝယ်လို့လဲမရတဲ့အရာ ဖြစ်တယ်”ဟု ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.