Connect with us

Culture & Entertainment

မြန်မာ့ကာတွန်းမီးပုံးပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်

မြန်မာ့ကာတွန်းမီးပုံးပွဲတော် အတွက် ပြင်ဆင်စဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ သီတင်းကျွတ် မီးထွန်းပွဲတော်ရက် များတွင် မြန်မာ့ကာတွန်း မီးပုံးပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကာတွန်း မီးပုံးပွဲတော် တွင် ကာတွန်းပညာရှင်များ၏ တစ်ကွက် ကာတွန်းလက်ရာများကို ဗီနိုင်းစတွင်ရိုက်နှိပ်ကာ မီးပုံးပုံသဏ္ဌာန် ပြုလုပ်၍ အလယ်တွင် မီးထွန်းပြသ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာတွန်းမီးပုံးပွဲတော်ကို သီတင်းကျွတ် ပွဲတော်ရက်များဖြစ်သည့် အောက်တိုဘာ ၁၂၊ ၁၃၊ ၁၄ ရက်များတွင် နေ့စဉ် နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ ခင်းကျင်းပြသမည် ဖြစ်ပြီး သက်ကြီးလူရွှင်တော်ကြီး များနှင့် ကာတွန်း ဆရာကြီး များအား ဂါရဝပြုရန်အတွက် ယခုကဲ့သို့ စီစဉ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ကာတွန်း မီးပုံးပွဲတော်တွင် စားသောက်ဆိုင်များ၊ အလှကုန် ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်း ဆိုင်များအပြင် လူရွှင်တော်အသင်း ရန်ပုံငွေအတွက် အမှတ်တရပစ္စည်း ရောင်းချပေးမည့် ဆိုင်ခန်းများ လည်း ပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.