Connect with us

Education & Health

ကိုယ်ဝန်ဆောင် တစ်သန်းအတွက် အားဆေးအလုံအလောက်ဖြန့့်ဝေမည်

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အမှာစကား ပြောကြားစဉ်။

နေပြည်တော်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

ကိုယ်ဝန်ဆောင် မိခင် တစ်သန်းခန့်အတွက် ကိုယ်ဝန်ဆောင် အားဆေးများကို လာမည့် ခြောက်လ အတွင်း အလုံအလောက် ဖြန့့်ဝေပေးမည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ ပြောကြားခဲ့သည်။

“လောလောဆယ် ပုလင်း ၂၄၀၀၀၀ ရောက်နေပါပြီ၊ ဒီအားဆေးက ကိုယ်ဝန်ဆောင် မိခင်အတွက် သာမကဘဲ အထဲက ကလေး ဦးဏှောက်ဖွံ့ဖြိုးဖို့၊ ကျောက်ကပ်၊ အသည်း စတဲ့ ကိုယ်လက်အင်္ဂါတွေ ဖွံ့ဖြိုးဖို့ အတွက်ပေးတာပါ၊ အခု စ ပေးနေပါပြီ၊  မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင် တစ်သန်းခန့်ရှိပါ တယ်၊ အားဆေးတွေက ဆက်လာနေပါပြီ၊ နောက် ခြောက်လအတွင်းမှာ အားလုံးအတွက် အလုံ အလောက်ပေးနိုင်ပါမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

အဆိုပါ အားဆေးကို ကျန်းမာရေးဌာနသို့ လာရောက် ပြသသည့် ကိုယ်ဝန်ဆောင်တို့အား တစ် ပုလင်းစီ အခမဲ့ ပေးမည် ဖြစ်ကြောင်း၊ တစ်ပုလင်းလျှင် ဆေးလုံး ၁၈၀ ပါသဖြင့် ခြောက်လ ခန့် သောက်၍ရကြောင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အာဟာရချို့တဲ့ခြင်းကြောင့် မွေးဖွား လာသော ကလေးများ အရပ် ပုညှက် ပိန်လှီခြင်း၊ ကိုယ်အလေးချိန် မပြည့်ခြင်း၊ သွေးအားနည်းခြင်း၊ ကိုယ်ဝန် ဆောင် အမျိုးသမီး ၄၀ ရာခိုင်နှုန်းသည် သွေးအားနည်းရောဂါ ခံစားနေရခြင်း၊ နှစ်နှစ်အောက် ကလေးများ၏ ၈ ရာခိုင်နှုန်းမှာလည်း သွေးအားနည်းရောဂါ ကြုံတွေ့နေရခြင်း စသည့် အကျိုးဆက် များ ပေါ်ပေါက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် အာဟာရဆိုင်ရာ ဗဟုသုတများ ရှိဖို့ လိုအပ် ကြောင်းလည်း မြန်မာနိုင်ငံ အာဟာရ ဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ အမှာစကား ပြောကြားစဉ်။

သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အမှာစကားပြောကြားစဉ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အမှာစကားပြောကြားစဉ်။

နေပြည်တော် Horizon Lake View ဟိုတယ်ဋ ယနေ့ကျင်းပသော မြန်မာနိုင်ငံ အာဟာရ ဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ (NPSC: _ National Nutrition Promotion Steering Committee)နှင့် အာဟာရ ကျဏ္ဍ ညှိနှိုင်းရေးအဖွဲ့(NSCG: _ Nutrition Sector Coordi -nation Group) တို့၏ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ခြင်းဖြစ်ပြီး ဆက်စပ် နှီးနွယ် ဌာနများဖြစ်သည့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို အသီးသီး ပြောကြားခဲ့ကြသည်။

တိုင်းဒေကြီးနှင့် ပြည်နယ်အဆင့် အာဟာရ ဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲနိုင်ရန် စံသတ်မှတ်ချက်များ ဖော်ဆောင်ခြင်းနှင့် စမ်းသပ်ရေးဆွဲခြင်းတို့ကိုဧရာဝတီတိုင်းဒေသကြီးတွင် ပြုလုပ် ပြီးစီးခဲ့ကြောင်း၊ ၂၀၁၉ အကုန်၌ အခြား ပြည်နယ် ငါးခု(ကယား၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း) တို့အတွက် စီမံကိန်းများ ရေးဆွဲပြီးစီးမည် ဖြစ်ကြောင်း၊ ထိုသို့ အဆင့်လိုက် ဆောင်ရွက်ရခြင်းမှာ အရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲပေးနိုင်ရန် ဖြစ်ကြောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေ အပါအဝင် အလှူရှင်များ၏ ထည့်ဝင်ငွေများကို အကျိုးရှိရှိရှိ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.