Connect with us

Education & Health

ဈေးကွက်အတွင်းမှ မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါး၈မျိုး စိစစ်တွေ့ရှိ

မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများအားတွေ့ရစဉ်(FDA)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ပြည်တွင်းဈေးကွက်အတွင်းရှိ ဆေးဝါးများ ကိုစိစစ်ခဲ့ရာ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါး (၈)မျိုးကို စိစစ်တွေ့ရှိခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဆေး(၈)မျိုးသည် Regenta Eye/Ear Drops ၊Phenolphthalein Tablets၊ Ninazol Tablets၊

Piyenchin Solution၊ Compound Miconazole Nitrate Cream၊ Chlorpheniramine Tablets၊Diclo-M Tabletsနှင့် Oxytocin Injection ဆေးအမှတ်တံဆိပ်များဖြစ်ပြီး ယင်းဆေးဝါးများကို

ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် မြန်မာနိုင်ငံတွင်မှတ်ပုံတင်ရရှိထားသောဆေးဝါးများကို ဆရာဝန် ညွှန်ကြားချက်ဖြင့်ဝယ်ယူသုံးစွဲပါရန် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် မြန်မာ နိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း (လက်လီ/ လက္ကား) လုံးဝမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ(၁၈)အရ တရားစွဲဆိုအရေး ယူမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.