Connect with us

Education & Health

တက္ကသိုလ်ဝင်စာမေးပွဲ ကို ဇီဝဗေဒဘာသာရပ်ကိုဖြေဆိုသူ ၉၆.၈၁ ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုသူ ၉၄.၀၀ ရာခိုင်နှုန်းရှိ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇီဝဗေဒ ဘာသာရပ် ဖြေဆိုသူ ရာခိုင်နှုန်းပြဇယားကိုတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်နိုင်ငံလုံး ရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ် ကို ဖြေဆိုမှုရာခိုင်နှုန်း ၉၆.၈၁ ရာခိုင်နှုန်းရှိပြီး၊ ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုသူ ၉၄.၀၀ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇီဝဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၉၆,၈၈၈ ဦးတွင် ဖြေဆိုသူ ၁၉၀,၆၀၂ ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ၆၂၈၆ ဦးဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၆.၈၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ ရာခိုင်နှုန်းပြဇယားကိုတွေ့ရစဉ် (ဓာတ်ပုံ– MOI)

ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်းရှိကျောင်းသား ကျောင်းသူ ၆၉၉, ၃၉၄ ဦးတွင် ဖြေဆိုသူ ၆၅၇,၄၀၄ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၄၁,၉၉၀ ဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၄.၀၀ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.