Connect with us

Education & Health

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန် ၂ ရက်တွင် ထုတ်ပြန်မည်

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း လာရောက်ကြည့်ရှု့သူများအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်။ မေ ၂၈ ရက် (ဆင်ဟွာ)

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန် ၂ ရက်၊ စနေနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်း များတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ပြီး အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တို့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၏ အောင်စာရင်း များကို ကပ်ထားမည် ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများတွင် လည်းကောင်း၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံး များတွင် လည်းလည်းကောင်း၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး များတွင် လည်းကောင်း၊ ဇွန် ၂ ရက် နံနက် ၆ နာရီ နောက်ပိုင်းတွင် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ် တစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသူကျောင်းသား ရှစ်သိန်းကျော် ဖြေဆိုထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.