Connect with us

Education & Health

ဒုတိယ အကြိမ် မြန်မာ နိုင်ငံ တောင်ပိုင်းဒေသ တရုတ်ဘာသာ ဆရာ/ဆရာမ နှင့် လုပ်အားပေးပုဂ္ဂိုလ်များ အသင်း တွေ့ဆုံဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ဒုတိယ အကြိမ် မြန်မာ နိုင်ငံ တောင်ပိုင်းဒေသ တရုတ်ဘာသာ ဆရာ/ဆရာမ နှင့် လုပ်အားပေးပုဂ္ဂိုလ်များ အသင်း တွေ့ဆုံဆွေးနွေးပွဲ စုပေါင်း အမှတ်တရ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ဒုတိယ အကြိမ် မြန်မာ နိုင်ငံ တောင်ပိုင်းဒေသ တွင် တရုတ်ဘာသာစကား သင်ကြားပေးနေသည့် ဆရာ/ဆရာမ များနှင့် လုပ်အားပေးပုဂ္ဂိုလ်များ အသင်း တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ယုဇန ဟိုတယ် တွင် နိုဝင်ဘာ ၂၈ ရက် မှ ၂၉ ရက်ထိ ကျင်းပ ခဲ့ကြသည်။

ယခု အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှုသံရုံး မှ ဦးဆောင်ပြီး အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေး စင်တာ ကွန်ဖြူးရှပ်စာသင်ကျောင်း နှင့် ရန်ကုန် တရုတ်ဘာသာ ဆရာ/ဆရာမအသင်း တို့မှ ပူးပေါင်းစီမံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။တွေ့ဆုံဆွေးနွေးပွဲ သို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှုသံမှူး မစ္စတာ ထျန်ဆန်ထင်(Mr.Tian Shanting) ၊ မြန်မာ နိုင်ငံ နိုင်ငံခြားဘာသာ တက္ကသိုလ် တရုတ်ဘာသာ ဌာန မှ ဒေါက်တာ ဒေါ်တင်ကြည် ၊ ရန်ကုန် တရုတ်ဘာသာ ဆရာ/ဆရာမ အသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းဝင်း ၊ အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေးစင်တာ ကွန်ဖြူးရှပ်စာသင်ကျောင်း ဧည့်ဌာနမှူး Mr.Song Yijie နှင့် မြန်မာ နိုင်ငံ တောင်ပိုင်းဒေသအသီးသီး မှ တရုတ်စာသင်ကျောင်း တာဝန်ရှိသူ ၈၀ ဦး စုစုပေါင်း ဆရာ/ဆရာမ ၁၂၀ ဦးတို့ တွေ့ဆုံဆွေးနွေးပွဲ ကိုတက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှုသံမှူး မစ္စတာ ထျန်ဆန်ထင်(Mr.Tian Shanting)အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံခြားဘာသာ တက္ကသိုလ် တရုတ်ဘာသာ ဌာန မှ ဒေါက်တာ ဒေါ်တင်ကြည် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ်ဘာသာ ဆရာ/ဆရာမ အသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းဝင်း မှ အဖွင့်အမှာစကားပြောကြား နေစဉ်(ဆင်ဟွာ)

ဒုတိယ အကြိမ် မြန်မာ နိုင်ငံ တောင်ပိုင်းဒေသ တရုတ်ဘာသာ ဆရာ/ဆရာမ နှင့် လုပ်အားပေးပုဂ္ဂိုလ်များ အသင်း တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တွေဆုံဆွေးနွေးပွဲကို ရန်ကုန် တရုတ်ဘာသာ ဆရာ/ဆရာမ အသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းဝင်း မှ အဖွင့်အမှာစကားပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပြီး ဆွေးနွေးပွဲ တက်ရောက်သည့် ဆရာ/ဆရာမ များနှင့် လုပ်အားပေးပုဂ္ဂိုလ် တို့မှ လက်ရှိမြန်မာ နိုင်ငံ တောင်ပိုင်းဒေသရှိ တရုတ်ဘာသာပညာရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ပြောကြားခဲ့ကြပြီး ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သဘောထားအမြင်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပထမ အကြိမ် မြန်မာ နိုင်ငံ တောင်ပိုင်းဒေသ တရုတ်ဘာသာ ဆရာ/ဆရာမ နှင့် လုပ်အားပေးပုဂ္ဂိုလ်များ အသင်း တွေ့ဆုံဆွေးနွေးပွဲ ကို မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှုသံရုံး နှင့် အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေး စင်တာ ကွန်ဖြူးရှပ်စာသင်ကျောင်း မှ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.