Connect with us

Education & Health

ပုဂ္ဂလိကျန်းမာရေးလုပ်ငန်းလိုင်စင်ကို ၁၄ခု ထပ်မံ ချထားပေးမည်

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ပုဂ္ဂလိကျန်းမာရေးလုပ်ငန်းလိုင်စင် အသစ်လျှောက်ထားသော လုပ်ငန်း(၁၄)ခုအား လုပ်ငန်း လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ (၃/၂၀၁၈)အစည်းအဝေးထံမှ သိရသည်။

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးတွင် လုပ်ငန်း(၁၄)ခုအား လုပ်ငန်းလိုင်စင်ချထား ပေးရန် ဆုံးဖြတ်ခဲ့ပြီး ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင်ကြေး တိုးမြှင့်သတ်မှတ် နိုင်ရန်ကိစ္စရပ် အပါအဝင် အခြားကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ (၃/၂၀၁၈) အစည်းအဝေးကို ယနေ့ နံနက် (၉း၀၀) နာရီ အချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ခဲ့သည်။

ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍမှာ လျင်မြန်စွာတိုးတက်လာပြီး ပြည်သူလူထုအနေဖြင့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုများမှ အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိရေးမှာ အထူးအရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ယခင်ရှိခဲ့သော ပုဂ္ဂလိကျန်းမာရေး ဥပဒေ (၂၀၁၃)နှင့် နည်းဥပဒေ တို့ကိုလည်း ပြန်လည် သုံးသပ်မှုများပြုလုပ်၍ ခေတ်နှင့်အညီ ပြုပြင်သင့်သည့် အချက်များရှိပါက ပြုပြင်ရမည် ဖြစ်ကြောင်း၊

ပုဂ္ဂလိက ဆေးရုံဆေးခန်းများ၊ ဓာတ်ခွဲခန်းများ၊ ရောဂါရှာဖွေရေးစင်တာများ စသည်တို့ကို လုပ်ငန်းလိုင်စင်များချထားပေးရန်လည်းကောင်း၊ အရည်သွေးပြည့်ဝမှု ရှိ/မရှိ စစ်ဆေးရာ တွင်လည်းကောင်း အသုံးပြုသည့် Checklist များကိုလည်း ခေတ်နှင့် အညီပြင်ဆင် ရေးဆွဲစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.