Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီးတွင် ဝက်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ အစုလိုက် ကာကွယ်ဆေးထိုးမည့် အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

၂၀၁၉ခုနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၇)မြို့နယ်တွင် ဝက်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ အစုလိုက် ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကို တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများအား အသိပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၏ (၂၀၁၈) ခုနှစ်အတွင်း ဝက်သက်ရောဂါ ဖြစ်ပွားမှု စာရင်းအရ (၆၄၆) ဦးရှိခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် (၄၅)မြို့နယ်ရှိသည့် အနက် ကပ်အသွင် ဖြစ်ပွားလျက်ရှိသော မြို့နယ်များမှာ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်၊ ဒဂုံမြို့သစ်(တောင်)၊ ဒဂုံမြို့သစ်(အရှေ့)နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်များဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ အထိ ရောဂါများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း၊ လာမည့် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၈ရက်အထိ ၎င်း(၇)မြို့နယ်တွင် အသက် ၉လမှ ၁၅နှစ်အထိ အစုလိုက် ကာကွယ်ဆေး ထိုးနှံသွားမည်ဖြစ်ပြီး၊ ယခင်က ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးသည်ဖြစ်စေ၊ မထိုးဘူးသည်ဖြစ်စေ ဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေးကို တစ်ကြိမ်ထပ်မံ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ၂၀၁၉ခုနှစ် အတွင်း မြို့နယ် (၇)မြို့နယ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ အစုလိုက် ကာကွယ်ဆေး ထိုးမည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.