Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်ကလေးဆေးရုံကြီးတွင် ကလေးနှစ်ဦးအား ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုအောင်မြင်

ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်စဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရှိ ရန်ကုန်ကလေးဆေး ရုံကြီးတွင် ကလေးနာတာရှည်ကျောက်ကပ်ရောဂါခံစားနေရသူ ကလေးလူနာနှစ်ဦးအား ဆွေမျိုးတို့၏ ကျောက်ကပ်တစ်ခြမ်းစီဖြင့် အစားထိုးကုသမှုကို ဖေဖော်ဝါရီ ၂၂ ရက်နှင့် နံနက်ပိုင်းတွင် ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောက်ကပ်အစားထိုးကုသခွဲစိတ်မှုကို မြန်မာနိုင်ငံ ကျောက်ကပ်အစားထိုး ကုသမှုအဖွဲ့(Myanmar Renal Transplant Team) နှင့် စင်ကာပူအမျိုးသား တက္ကသိုလ်ဆေးရုံမှ Singapore Transplant Team ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျောက်တောင်ကျေး ရွာမှ အသက် (၁၅) နှစ်ရှိ မအေးမြစိုးကို ၎င်း၏အစ်မ ဖြစ်သူ မငယ်ငယ်ဦး၏ ကျောက်ကပ်တစ်ခြမ်းဖြင့် အစားထိုး ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး၊ မအေးမြစိုးမှာ ကျောက်ကပ်ဝေဒနာ ခံစားနေရသောကြောင့် တစ်ပတ်လျှင် သုံးကြိမ်ခန့်ကျောက် ကပ်ဆေးနေရသူဖြစ်ပြီး နာတာရှည်ဝေဒနာ ခံစားနေရသူဖြစ်သော ကြောင့် ကျောက်ကပ်အစားထိုး ကုသခဲ့ခြင်းဖြစ်သည်။ အစ်မဖြစ်သူထံမှ ကျောက်ကပ်ထုတ် ယူချိန်မှာ သုံးနာရီခန့်ကြာမြင့်ပြီး ကိုယ်တွင်းကြည့်မှန်ပြောင်း (Laparoscopic Surgery) နည်းဖြင့် ထုတ်ယူ ခြင်းဖြစ်ရာ ကျောက်ကပ်ထုတ်ယူမှုနှင့် အစားထိုး ကျောက်ကပ်ထည့်ခြင်းကို ၄ နာရီခွဲဖြင့် အောင်မြင်စွာ ခွဲစိတ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ခရမ်းချိုရပ်ကွက်တွင် နေထိုင်သော အသက် (၁၂) နှစ်ရှိ မောင်မိုးမြင့်မောင်အား ဦးလေးဖြစ်သူ ဦးမိုးမင်းဝင်း၏ကျောက်ကပ်တစ်ခြမ်းဖြင့် အစားထိုးကုသခဲ့သည်။ ကလေးငယ် မှာ ၂၀၁၇ ခုနှစ်မှစ၍ နာတာရှည် ကျောက်ကပ်ဝေဒနာကြောင့် ပြင်းထန်သွေးတိုးရောဂါ ခံစားနေရသူတစ်ဦးဖြစ်ရာ ယနေ့ခွဲစိတ် မှုတွင် ကျောက်ကပ်ထုတ်ယူမှုနှင့် ကျောက်ကပ်အစားထိုး ကုသမှုအား ၄ နာရီခွဲဖြင့် ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုး ကုသမှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က မြောက်ဥက္ကလာပ မြို့နယ်မှ အသက် (၁၀) နှစ်ရှိ မနန်းယုဝေအား အစ်ကိုဖြစ်သူ လှူဒါန်းသော ကျောက်ကပ်တစ်ခြမ်းဖြင့် ခွဲစိတ် ကုသနိုင်ခဲ့ရာ ယနေ့တိုင်ကလေးငယ်မှာ ကျန်းမာလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်ကလေးဆေးရုံကြီးရှိ ကလေးကျောက်ကပ်ရောဂါ ကုသဌာနတွင် လာရောက်ပြသကုသနေသော ကလေးများရှိပြီး နည်းပညာပိုင်းဆိုင်ရာ တိုးတက်မြင့်မားလာမှုကြောင့် ကျောက်ကပ်အစားထိုးကုသမှုလုပ်ငန်းကို ပုံမှန်ခွဲစိတ်ကုသမှုကဲ့သို့ ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်ဟု သိရသည်။ နိုင်ငံတော်မှ ရန်ပုံငွေခွဲဝေချထားပေးသော်လည်း အလှူရှင်များ၏ ဝိုင်းဝန်း ပံ့ပိုးကူညီမှု လိုအပ်လျက် ရှိသည့်အတွက် ကလေးကျောက်ကပ် ဖောင်ဒေးရှင်းကို ထူထောင် ထားပြီးဖြစ်၍ ပါဝင်လှူဒါန်းနိုင်ရန် ဖိတ်ခေါ်လျက်ရှိသည်။

ကျောက်ကပ်အစားထိုး ကုသရာတွင် မေ့ဆေးပါရဂူများ၊ ခွဲစိတ်ပါရဂူများ၊ သွေးကြော ခွဲစိတ်ဆရာဝန်များနှင့် စင်ကာပူ နိုင်ငံမှ Singapore Transplant Team တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောင်တွင် မြန်မာနိုင်ငံမှ ဆရာဝန်များဖြင့်သာ ကျောက်ကပ် အစားထိုး ကုသမှုကို ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြနခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.