Connect with us

Education & Health

အကူ သူနာပြုကိုးလ သင်တန်းများ ဖွင့်မည်

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ကြွရောက်လာစဉ်။

နေပြည်တော်၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

သူနာပြု လုပ်ငန်း ပိုမိုတွင်ကျယ်စေရန် သူနာပြုများကို ကူညီရမည့် အကူသူနာပြုများ မွေးထုတ်နိုင်ရေး အတွက် အကူသူနာပြု ကိုးလသင်တန်းများကို ဖွင့်လှစ်သွားမည်ဟု ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ အမျိုးသား လွှတ်တော်၌ ပြောကြားသည်။

“မန ္တလေးဆေးရုံကြီး၊ ရန်ကုန်ဆေးရုံကြီးနဲ့ နေပြည်တော် ဆေးရုံကြီးတွေမှာ လုပ်မယ်၊ ဒါကို နယ် တွေက လာတက်လို့ ရအောင် တခြား တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးတွေမှာ လုပ်နိုင်ဖို့ အတွက်ပါ စီစဉ်နေပြီ၊ နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင်က လုပ်ခိုင်းထားတာ၊ အမြန်ဆုံး နှစ်လ သုံးလအတွင်း ဖွင့်မယ်” ဟု ဝန်ကြီးက မီဒီယာများကို ဖြေကြားခဲ့သည်။

တစ်နေရာတွင် သင်တန်းသူ ဦးရေ အနည်းဆုံး တစ်ရာဦးစီ သတ်မှတ်သွားမည်ဖြစ်ပြီး ၁၀ တန်း အောင်မြင်သူများ လျှောက်ထား တက်ရောက်နိုင်ကြောင်း၊ အသေးစိတ် အချက်အလက်များကို သတင်းစာများတွင် မကြာမီ ကြေညာမည်ဖြစ်ကြောင်း၊ သင်တန်းသူများအရည်အသွေး မြင့်မား ရေးအတွက် သင်တန်းနေရာများကို ခုတင် ၅၀၀ အထက်ရှိသော ဆေးရုံကြီးများတွင် ဖွင့်ရခြင်း ဖြစ်ပြီး နောက်နှစ်တွင် ပိုမိုတိုးချဲ့သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ဖြေကြားနေစဉ်။

“လက်ရှိမှာ သူနာပြုတွေက မလုပ်သင့်တဲ့ အလုပ်တွေ လုပ်နေရတယ်၊ သူနာပြုတွေက လူနာ မကြည့်ရဘဲ ပုံစံ (form)တွေ ဖြည့်နေရတာ အချိန်ကုန်တယ်၊ သားဖွားဆရာမတွေဆိုရင် form ၃၁ ခုကို ဖြည့်နေရတာ၊ ကျွန်တော် ရောက်လာတော့ form ၁၁ ခုထိ လျှော့လိုက်ရတယ်၊ ဒီဖောင်ဖြည့် တာနဲ့ကို အလုပ် မလုပ်ရတော့ဘူး၊ အကူသူနာပြုတွေ ထပ်ခန့်လိုက်ရင် သူနာပြုတွေ၊ သားဖွား ဆရာမ တွေ အလုပ်ပိုတွင်လာမယ်” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

အဆိုပါ အကူသူနာပြု သင်တန်းများကို ၂၀၀၃ – ၂၀၀၄ ခုနှစ်တွင် ဖွင့်ခဲ့ဖူးပြီး နောက်ထပ် ဖွင့်လှစ် နိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခု အစီအစဉ်သည် ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်နိုင်မည့် အစီအစဉ်ဖြစ် ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.