Connect with us

Education & Health

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို ဇန်နဝါရီ (၁၇)ရက်တွင် ဝက်ဆိုက်မှတဆင့် ကြည့်ရှုနိုင်မည်

-- ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ အမှတ် ၁၉ အခြေခံပညာမူလတန်းကျောင်း တွင် နှာခေါင်းစည်းဖြင့် အောင်စာရင်းကြည့်နေသူ ကလေးငယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက် ဖြေဆိုခဲ့သူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၇)ရက် နံနက် (၆) နာရီမှစတင်ကာ စာစစ်ဦးစီးဌာန၏ အမှတ်စာရင်းထုတ်ပြန်ပေးမည့် ဝက်ဆိုက်တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၁၃ ရက်တွင်ပြောသည်။

“၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ အမှတ်စာရင်း ထုတ်ယူဖို့ အရင်နှစ်တွေထက်နောက်ကျခဲ့ပါတယ်။ COVID-19 ကာလမှာ လူစုလူဝေး မဖြစ်စေဖို့ အတွက် အခုလိုလုပ်ပေးတာပါ။ ထုတ်ပြန်တာနဲ့ လူစုနိုင်တယ်။ လူစုလူဝေးမဖြစ်စေဖို့အတွက် စာစစ်ဦးစီးဌာနက အခုလို စီစဉ်တာဖြစ်ပါတယ်။ ဝက်ဆိုက်မှာ အမှတ်စာရင်းကို အခမဲ့ကြည့်ရှုနိုင်မှာပါ’’ ဟု ဦးကိုလေးက ဆိုသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍ မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ အမှတ်စာရင်းထုတ်ပြန်မည့် Website ဖြစ်သော https://mmexamscore.org နှင့် Facebook Page ဖြစ်သော https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်မှ စ၍ ကြည့်ရှုနိုင်ပါကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.