Connect with us

Education & Health

သုံးစွဲရန်မသင့်သော အလှကုန် ပစ္စည်း သုံးမျိုးကြေညာ

သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို အသိပေးကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း သုံးမျိုးကို အများပြည်သူသိရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက်နေ့ သတင်းထုတ်ပြန်ထားသည်။

သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း သုံးမျိုးမှာ- MEIYONG Seaweed Super Whitening Extra Whitening & Face Lift ၊ O-White Extra Set Cream Special Formula (Day Cream+ Night Cream) နှင့် Dr.YANHEE Skin Care Set (Green Color) တို့ဖြစ်ကြောင်းသိရသည်။

ယခု ထုတ်ပြန်ထားသော အလှကုန် သုံးမျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၌ မှတ်ပုံတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေတဲ့ တားမြစ်ပစ္စည်းများ ပါဝင်နေသည့်အတွက် သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကအသိပေး ထုတ်ပြန်ထားသည်။

အဆိပ်သင့်ဓာတုပစ္စည်းများသည် အရေးပြားများယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များထွက်ပေါ်ခြင်း၊ အရေးပြားမှတဆင့် ခန္ဓာကိုယ်တွင်းသို့ စုပ်ယူပြီး ထုံကျဉ်ခြင်း၊ ကြွက်သား တုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးနှင့် တခြားရောဂါတွေပါ ဖြစ်ပေါ်နိုင်စေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်ပုံမတင်ထားဘဲ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားတဲ့ အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ) အရ အရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။ (Xinhua)