Connect with us

Education & Health

ရခိုင်ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေး စခန်း၁၁ခုမှ ကလေးငယ် ၂၈၀၀ကျော်ကို ကာကွယ်ဆေးထိုးပေးမည်

ရခိုင်ပြည်နယ်တွင်း ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်နေစဉ်(ဓာတ်ပုံ- ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင်းရှိ ကယ်ဆယ် ရေးစခန်း ၁၁ ခုရှိ ကလေးငယ် ၂၈၀၀ကျော်ကို ကာကွယ်ဆေးထိုးပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အထူးကာကွယ်ဆေးထိုးစီမံချက် ၂ဝ၁၈ ဖြင့် ပေါက်တော မြို့နယ်အတွင်းကျေးရွာနှင့် ကယ်ဆယ် ရေးစခန်း ၁၁ ခုတို့တွင် သုံးနှစ်အောက် ကလေးငယ် ၂၈၂၆ ဦးတို့ကို ဇန်နဝါရီ လမှ မတ်လအထိ သုံးလအတွင်း ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးပေး သွားမည်ဖြစ် ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် ပြည်နယ်အတွင်း ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများမဖြစ်ပွားစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး လွှမ်းခြုံမှု နည်းပါးသော ခက်ခဲဒေသ များသို့ အထူးကာကွယ်ဆေးထိုးစီမံချက် ၂ဝ၁၈ ဖြင့် အထူးကာကွယ်ဆေးထိုး၊ ဆေးတိုက်အဖွဲ့များဖွဲ့စည်းပြီး ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်တော မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပေါက်တော မြို့နယ်အတွင်းရှိ ဆင်တက်မော်၊ စစ်ကဲပြင်၊ ကုန်တန်းရွာ၊ တောင်ရွာ ကျေးရွာများသို့လည်းကောင်း၊ ကြိမ်နီပြင် နှင့် ငှက်ချောင်းကယ်ဆယ်ရေးစခန်းများ သို့ လည်းကောင်းသွားရောက်ပြီး အထူး ကာကွယ်ဆေးထိုးလုပ်ငန်းကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.