Education & Health
ရန်ကုန်တိုင်းဒေသကြီးသည် ဆေးယဉ်ပါးတီဘီရောဂါ ကူးစက်ခံရမှု အများဆုံးနေရာဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဆေးယဉ်ပါးတီဘီရောဂါ ကူးစက်ခံရမှု အများဆုံး နေရာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးထံမှ သိရသည်။
မြန်မာနိုင်ငံ၌ နှစ်စဉ် လူဦးရေ ၉၀၀၀ ခန့်ဆေးယဉ်ပါးတီဘီရောဂါ ကူးစက်ခံနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
တီဘီရောဂါဖြစ်ပွားသူများကို ခန့်မှန်းမှုနှင့် မတွေ့ရှိနိုင်သဖြင့် သံသယရှိသူတိုင်း ကျန်းမာရေးဌာနများကို သွားရောက်စစ်ဆေးကြရန် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။
အဆိုပါ တီဘီရောဂါဝေဒနာသည် ရိုးရိုးတီဘီဖြစ်ပွားရာမှ ဆေးယဉ်ပါးတီဘီဖြစ်ပွားမှု အများဆုံးဖြစ်လာပြီး ဆေးမတိုးတီဘီ စတင်ဖြစ်ပွားသော လူနာများသည်လည်း လူ၁၀၀တွင် ငါးယောက်နှုန်းဖြစ်ပွားနေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာတွင် တီဘီဖြစ်ပွားနှုန်း မြင့်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှ၌ စတုတ္ထ အဖြစ်အများဆုံးနိုင်ငံ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။(Xinhua)