Connect with us

Education & Health

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ ၇ သိန်းကျော်ရှိ

၂၀၁၆ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအပြီး အ.ထ.က (၁) ၊ တာမွေ စာစစ်ဌာနမှ ပြန်လည် ထွက်ခွာ လာသော ကျောင်းသား/သူ များ အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူ ဦးရေ ၇၆၇၁၈၉ ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ထံမှ သိရသည်။

ထို့အတူ စာစစ်ဌာနပေါင်း ၁၅၉ဝ အား ခရိုင် ၇၁ ခရိုင်၊ မြို့နယ်ပေါင်း ၃၃၅ မြို့နယ်အတွက် ထားရှိ စစ်ဆေးရန် လျာထားလျက်ရှိကြောင်း သိရသည်။၂ဝ၁၆-၂ဝ၁၇ တက္ကသိုလ်ဝင် စာမေးပွဲအား ဘာသာရပ်များ အလိုက် ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုသူ ၆၃၆၂၃၇ ဦးရေ ရှိသည့် အနက် အောင်မြင်သူ ၁၉၀၃၈၈ ဦး ရှိခဲ့ပြီး ဘာသာအလိုက် ဂုဏ်ထူး ပါရှိမှုမှာ ၆ ဘာသာ ဂုဏ်ထူး ပါရှိသူ ၈၉၃ ဦးသာ ရှိပြီး စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ ၄၇၀၂၄ ဦး ရှိကြောင်း သိရသည်။(Xinhua)