Connect with us

Education & Health

၄၅ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကျင်းပမည်

ကျန်းမာရေး နှင့်ဆိုင်သည့် ဆွေးနွေးပွဲတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်သူ့ကျန်းမာရေးဦးစီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

၄၅ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသန ဦးစီးဌာန ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဆေးသုတေသန ဦးစီးဌာန မှ သိရသည်။

ယင်းညီလာခံတွင် ကျန်းမာရေး နှင့်ဆိုင်သော သုတေသနစာတမ်း ၁၀၃ စောင်အား ဖတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၁၁ခု နှင့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲ တစ်ခုတို့လည်း ပါဝင်မည်ဖြစ်သည်။

၎င်းကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံသို့ ပြည်တွင်းမှ ပညာရှင်များအပြင် နိုင်ငံတကာမှ ပညာရှင်များ လည်း လာရောက်ဟောပြောမည်ဖြစ်သည်။ ထို့ပြင် ပြည်တွင်းပြည်ပမှ NGO အဖွဲ့အစည်းများ ၊ ဆေးကုမ္ပဏီများ၊ ဓာတ်ခွဲခန်းကိရိယာများ ၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကဓာတ်ခွဲခန်းများ နှင့် ဆေးပစ္စည်း ကိရိယာများကိုပါ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.