Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တောင်ပြိုကျမှုကြောင့် သံကူကွန်ကရစ်တံတား ကျိုးပဲ့ခဲ့ပြီး လမ်း ပေ၂၀၀ခန့် ပျက်စီးမှုဖြစ်ပွား

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တောင်ပြိုကျမှုကြောင့် သံကူကွန်ကရစ်တံတား ကျိုးပဲ့ပျက်စီးမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တောင်ပြိုကျမှုကြောင့် ဝိုင်းမော်-ကန်ပိုက်တီ ကားလမ်းရှိ သံကူကွန်ကရစ်တံတား ကျိုးပဲ့ခဲ့ပြီး လမ်း ပေ၂၀၀ခန့် ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ သွားလာ၍မရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ ၁ရး၃၀နာရီအချိန် တွင် ဝိုင်းမော်မြို့နယ်အတွင်း တောင်ပြိုကျမှုကြောင့် သံကူကွန်ကရစ်တံတား(အရှည် ၁၇၄ ပေ၊ အကျယ် ၂၈ ပေ)ကျိုးပဲ့ခဲ့ပြီး လမ်းပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.