Environment, Disasters & Accidents
ကလေးဝမြို့ ၏ အနောက်တောင်ဘက်တွင် အင်အား (၄.ဝ)အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
ကလေးဝမြိ့ု၏ အနောက်တောင်ဘက် (၇)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၀)နာရီ (၃၁)မိနစ် (၀၈)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၄၄)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ကလေးဝမြိ့ု၏ အနောက်တောင်ဘက် (၇)မိုင်ခန့်အကွာ တွင် ငလျင်လှုပ်ရှားသွားခြင်းဖြစ်သည်။
အဆိုပါငလျင်ကြောင့် ပျက်စီးမှုမရှိဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)