Connect with us

Environment, Disasters & Accidents

ကော့သောင်း၌ ငါးဖမ်းစက်လှေတစ်စီး မီးလောင်နစ်မြုပ်

ကော့သောင်းမြို့၌ မီးလောင်နစ်မြှုပ်နေသော ငါးဖမ်းစက်လှေကိုတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ၊ လငန်းကျွန်းနှင့် ပုလဲကျွန်းအကြား ရေပြင်၁၁မိုင်ခန့်တွင် ငါးဖမ်းစက်လှေတစ်စီး မီးလောင်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၇နာရီက အဆိုပါ ငါးဖမ်းစက်လှေ၏ တာဘိုင်ပိုက်ထဲသို့ ဆီဝင်ပြီး စက်ခန်းအတွင်းမှ မီးလောင်မှုဖြစ်ပွားကာ စက်လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ငါးဖမ်း ဝါတန်း စက်လှေသည် မြိတ်မြို့မှ လှေဖြစ်ပြီးလှေအမည်သည် အောင်လှစိန် ဖြစ်ကြောင်း ၊ လှေဦးစီးဦးဇော်မိုး နှင့် ငါးဖမ်းလှေလုပ်သား (၂၄)ဦး ဖြင့် ငါးဖမ်းလုပ်ငန်း ခွင်သို့ ထွက်ခွာလာစဉ် လှေနစ်မြုပ်မှု အခင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်လှေ မီးလောင်နစ်မြုပ်နေစဉ် အနီးအနားပင်လယ်ပြင် အတွင်း ငါးဖမ်းလျှက်ရှိသည့် အခြားငါးဖမ်းလှေများမှ ဝိုင်းဝန်းကူညီပေး ကြသဖြင့်နစ်မြုပ် ခဲ့သည့် ဝါတန်းလှေပေါ်ပါ ငါးဖမ်းလုပ်သားများ သေဆုံးမှုမရှိဘဲ ကယ်တင်နိုင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.