Connect with us

Environment, Disasters & Accidents

ကျိုက်နဲ ရေလယ်ဘုရားသွားဖူးသူများ ပင်လယ်ရေနှင့် မျောပါမှုဖြစ်ပွားပြီး၊ အလောင်း ၁၅လောင်းဆယ်ယူရရှိကာ ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေနေ

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ နတ်လမ်းပေါ်သည့် ကျိုက်နဲ ရေလယ်ဘုရားဖူးသွားကြသူများသည် ယနေ့ နံနက်ပိုင်း၌ ပင်လယ်ရေနှင့်မျောမှုဖြစ်ပွားကာ လက်ရှိအချိန်ထိ အလောင်း ၁၅လောင်း ဆယ်ယူရရှိထားပြီး ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေနေကြောင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။“အဲနေရာလေးက မနက် ၆ နာရီကနေ ၈ နာရီဆိုရေကျတယ်၊ အဲရေကျတဲ့ နတ်လမ်းပေါ်ကနေဘုရားသွားဖူးကြတယ်၊ ရေပြန်တက်စပြုချိန်
အလုအယက်ပြေးကျတယ်ပြောတယ် ၊ပြေးတော့ လူအုပ်လိုက် တိုက်မိကျ ပြုတ်ကျဖြစ်ကုန်တယ်” ဟု ၎င်းက ဆိုသည်။

ပုံစာ- ပင်လယ်ရေထဲမျောပါသွားသည့် ကျိုက်နဲရေလယ်ဘုရားဖူးသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(မွန်မြတ်စေတနာပရဟိတအသင်း)

အဆိုပါ ပင်လယ်ရေဖြင့်မျောပါမှုသည် ယနေ့ နံနက် ၇နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၁၂လောင်း၊ အမျိုးသား ၂လောင်းနှင့် သံဃာတစ်ပါး၏ ရုပ်အလောင်း အပါအဝင် စုစုပေါင်း ၁၅လောင်း ဆယ်ယူရရှိထားပြီး ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေနေကြောင်း ဒုတိယရဲမှူးကြီးက ပြောသည်။

” တချို့မူးတဲ့လူတွေလည်းပါတယ် တချို့ မဆင်မခြင်မှုကြောင့် တိုက်မိပြီးကျတယ်ပြောကြတယ်၊ ခန့်မှန်း လူ၄၀လောက်ရှိမယ်လို့လည်း ပြောတယ် ပြုတ်ကျတဲ့လူတွေကို ဆက်လက်ရှာဖွေနေပါတယ်”ဟု အခင်းဖြစ်နေရာတွင် ကူညီပေးနေသည့် မွန်မြတ်စေတနာပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ နံနက် နတ်လမ်းပေါ်ချိန်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားသို့ သွားရောက်ဖူးမျှော်သူများဖြင့် အလွန်စည်ကားခဲ့ကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.