Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ်ရှိ ကလေး-ဖလမ်း-ဟားခါးကားလမ်းမ အပေါ်ပိုင်း မြေပြိုမှုဖြစ်ပွား

ကလေး-ဖလမ်း-ဟားခါးကားလမ်းမ အပေါ်ပိုင်း မြေပြိုကျမှုဖြစ်ပေါ်နေစဉ်(MOI)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အပေါ်ပိုင်းသည် မိုးရွာသွန်းမှုကြောင့် ဇွန် ၂၆ ရက်ညက မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါမြေပြိုမှုကြောင့် လမ်းပိတ်ဆို့မှုမရှိအောင် သက်ဆိုင်ရာဌာနနှင့် ကုမ္ပဏီများက အနီးကပ် စောင့်ကြည့်၍ မြေစာရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ မြေပြိုမှုဖြစ်ပွားသည့် တောင်ကုန်းကိုလည်း အလေးချိန်လျော့နည်းပြီး မြေပြိုမှုမဖြစ်ပွားအောင် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောက်တုံး၊ ကျောက်ခဲများ ရှင်းလင်းခြင်းများကို လူအင်အားဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြေပြိုမှုအရ တောင်ကုန်းပေါ်မှ လိမ့်ကျလာသော ကျောက်တုံး၊ ကျောက်ခဲများကြောင့် လူနေအိမ်(၃)အိမ်မှာ ထိခိုက်နိုင်မှုအခြေအနေတွင် ရှိနေပြီး အဆိုပါနေအိမ် များထဲမှ မိသားစုများ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

အဆိုပါမြေပြိုကျသည့်နေရာသည် ၂၀၁၄ ခုနှစ်အတွင်းက တစ်ကြိမ်ပြိုကျခဲ့ပြီး ယခုနှစ်တွင်လည်း မိုးရွာသွန်းကြောင့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.