Connect with us

Environment, Disasters & Accidents

စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်ငူခရိုင်တွင်း ရေကြီးမှုဖြစ်ပေါ်


ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်ငူခရိုင်တွင်း ရေကြီးမှုဖြစ်ပေါ်ပြီး ကားလမ်းများရေကျော်ခြင်း၊ နေအိမ်များရေကြီးမှုများဖြစ်ပေါ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

တောင်ငူခရိုင် အုတ်တွင်းမြို့နယ် သာဂရကျေးရွာအနီး တောင်ငူ – ထန်းတပင် ခရီးသွားကားလမ်း စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ကားလမ်း ရေကျော်ကာ ဆက်သွယ်ရေးခရီး ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် တောင်ငူခရိုင်တွင်း ရေကြီးနေစဉ်(MOI)

အဆိုပါ လမ်းပိုင်းသည် ထန်းတပင်မြို့နယ်မှ တောင်ငူမြို့နယ် ဘက်သို့ အများဆုံး အသုံးပြုသော လမ်းတစ်ခုဖြစ်ပြီး ဆက်သွယ်ရေးခရီး ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

“ရေက တဖြည်းဖြည်း တက်လာတာ၊ ယနေ့ နံနက် ၄ နာရီနောက်ပိုင်း ကစပြီး သွားလို့ မရတော့ဘူး။ ရေစီး အရမ်း သန်တယ်။ ရေကျော်တာက ၄ ပေခန့် နိမ့်သည့် ချိုင့်တဲ့နေရာက ဖြတ်စီးတာ ကားနဲ့လည်း ဖြတ်ဖို့ မလွယ်ဘူး၊ စက်လှေနဲ့ကူးဖို့ တာဝန်ရှိသူတွေက စီစဉ်မှုတွေ ရှိတယ်”ဟု အနီးနားနေထိုင်သူ တစ်ဦးက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.