Connect with us

Environment, Disasters & Accidents

ဆောမြို့နယ်သီးကုန်းကျေးရွာအနီး ချောင်းအတွင်းဖြတ်ကူးသူ ၇ ဦး မျောပါမှုဖြစ်ပွား

ဆောမြို့အဝင်ဆိုင်းဘုတ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ သီးကုန်းကျေးရွာအနီး ချောင်းအတွင်းဖြတ်ကူးသူ ၇ ဦး ဖြတ်ကူးနေစဉ် ချောင်းအတွင်း မျောပါသွား ၍ တစ်ဦးအားပြန်လည်တွေ့ ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ ၁၆း၀၀ နာရီ အချိန်တွင် ဆောမြို့နယ် သီးကုန်းကျေးရွာအနီး ကြဲလောင်ချောင်းနှင့် ချုပ်ချောင်းတို့ပေါင်းဆုံသည့် ချောင်းဆုံနေရာ၌ အ.လ.က(သီးကုန်း)မှ ညနေ ကျောင်းဆင်းပြီး ချောင်းဖျားကျေးရွာသို့ပြန်လာသည့် မပန်မနား(၁၀)နှစ်အပါအဝင် ကျောင်းသား/ သူ ၆ ဦးနှင့် အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသမီး ၁ ဦး(စိစစ်ဆဲ) နှင့် စုစုပေါင်း ၇ ဦး(ကျား ၄၊ မ ၃)တို့သည် ချောင်းအား ဖြတ်ကူးစဉ် ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ကြောင်းသိရသည်။

ပျောက်ဆုံးသူများအား ရှာဖွေခဲ့ရာ ဇွန်လ ၇ ရက်နေ့ ၁၉း၀၀ နာရီအချိန်တွင် သီးကုန်းကျေးရွာ သုသာန်အနီး၌ မပန်မနားအား အသက်ရှင်လျက် ပြန်လည်တွေ့ရှိရပြီး ကျန် ၆ ဦးအား ဆောမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ ဆက်လက်ရှာဖွေလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.