Connect with us

Environment, Disasters & Accidents

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၌ ဩဂုတ်လအတွင်း သဘာဝဘေးကြောင့်လူလေးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိ

တနင်္သာရီတိုင်းဒေသကြီး အတွင်းရေကြီးရေလျှံမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် အတွင်းရှိ မြို့နယ်လေးခုတွင် ဩဂုတ်လ အတွင်း မိုးသည်းထန်စွာရွာသွန်း ၍ လေပြင်း များ တိုက်ခတ်ခြင်း၊ ရေကြီးနစ်မြုပ် ခြင်း၊ မြေပြိုခြင်း စသည့်သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်ခဲ့သောကြောင့် ကျေးရွာပေါင်း ၅၂ ရွာမှ လူနေအိမ် ၁၁၂ လုံး ပြိုကျပျက်စီးခဲ့ကာ လူလေးဦး သေဆုံးပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။

မြိတ်မြို့နယ်တွင် လေဘေးနှင့် ရေဘေးကြောင့် လူနေအိမ် ခြောက်လုံး၊ မြေပြိုမှုကြောင့် လူနေအိမ် ၁၇ လုံး၊ ပုလောမြို့နယ်တွင် လေဘေး၊ ရေဘေး ကြောင့် နေအိမ် ၁၇ လုံး၊ မြေပြိုကျမှု ကြောင့်လူနေအိမ် ၁၂ လုံး ပျက်စီးပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီမြို့နယ်တွင် မိုးသည်းထန်စွာရွာ၍ လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ် သုံးလုံး ပြိုကျပျက်စီးကာ လူနှစ်ဦး ရေနစ် သေဆုံးခဲ့သည်။ ကျွန်းစုမြို့နယ်တွင် ရေဘေးနှင့်လေပြင်းများ တိုက်ခတ်မှု ကြောင့် လူနေအိမ် ၃၀ နှင့် မြေပြိုမှု ကြောင့် လူနေအိမ် ၂၅ လုံး ပျက်စီး ခဲ့ကြောင်းနှင့် လူနှစ်ဦးသေဆုံးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁ ရက်မှ ဩဂုတ် ၃၀ ရက် အထိ မြိတ်ခရိုင်အတွင်း သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များကြောင့် ယာယီ ပြောင်းရွှေ့နေထိုင်သည့် အိမ်ခြေပေါင်း ၃၀၁ လုံးမှ အိမ်ထောင်စု ၁,၈၃၆ စု လူဦးရေစုစုပေါင်း ၉,၄၀၅ ဦး ရင်ဆိုင် ကြုံတွေ့ခဲ့ရကြောင်းနှင့် ဘေးသင့်ပြည်သူ များအား မြိတ်ခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိ သူများက စုစုပေါင်း ထောက်ပံ့ငွေကျပ်ကျပ် ၁,၈၃၁ ဒသမ ၆ သိန်းနှင့် ကယ်ဆယ် ရေးပစ္စည်းများကို ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.