Connect with us

Environment, Disasters & Accidents

တနသာၤရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း တနင်္သာရီမြစ်ရေ နစ်မြုပ်ခဲ့သော အများသုံး ရေတွင်း (၁၇၂၁)တွင်းမှ ရေဆိုးရေညစ်များ စုပ်ထုတ်

ရေဆိုးရေညစ်များစုပ်ထုတ်၍ ကလိုရင်းခပ်ခြင်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တနသာၤရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း တနင်္သာရီမြစ်ရေ နစ်မြုပ်ခဲ့သော အများသုံး ရေတွင်း (၁၇၂၁)တွင်းမှ ရေဆိုးရေညစ်များ စုပ်ထုတ်ပြီး ကလိုရင်းဆေးခတ်ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

တနသာၤရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း လွန်ခဲ့သော ဇူလိုင်လ (၁၅)ရက်နေ့မှ စ၍ စက်တင်ဘာလ (၇)ရက်နေ့ အထိ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရက်ရှည်ကြာမြင့်စွာ တနင်္သာရီမြစ်ရေသည် တတိယအကြိမ်အဖြစ် မြစ်ရေ ဆက်တိုက်ကြီးပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးရှိ ပြည်သူအများ သောက်ရေ သုံးရေအဖြစ် အသုံးပြုနေသော ရေတွင်းပေါင်း (၁၇၂၁)တွင်း မြစ်ရေ လွှမ်းမိုးခဲ့မှုကြောင့့်် ရေဆိုးရေညစ်များ ဝင်ရောက်နေသဖြင့် ကျေးရွာ နေပြည်သူများ သောက်ရေ/ သုံးရေ အခက်အခဲကြုံတွေ့နေရကြောင်း ရပ်ကွက်/ ကျေးရွာ ပြန်လည်ထူထောင်ရေး အဖွဲ့ (၁၈)ဖွဲ့တို့မှ ကွင်းဆင်း စာရင်းကောက်ယူမှုအရ သိရှိရသည်။

သို့ဖြစ်၍ ရပ်ကွက်/ကျေးရွာ ပြန်လည်ထူထောင်ရေးအဖွဲ့ (၁၈)ဖွဲ့တို့က တာဝန်ကျရာ ကျေးရွာ ဒေသများသို့ သွားရောက်၍ စက်တင်ဘာလ (၁၂)ရက် ညနေအထိ အဆိုပါ အများသုံးရေတွင်း (၁၇၂၁) တွင်းထဲမှ ရေဆိုးရေညစ်များအား ရေစုပ်စက်ဖြင့် ပြန်လည်စုပ်ထုတ်ပေးပြီး သန့်ရှင်း၍ သောက်ရေ သုံးရေအဖြစ် ပြန်လည်အသုံးပြုနိုင်ရန် ကလိုရင်းဆေးများ ခတ်ပေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.