Connect with us

Environment, Disasters & Accidents

တာချီလိတ်မြို့ လေထုအရည်အသွေး အညွှန်းကိန်း ပြန်လည်ကောင်းမွန်လာဟုဆို

တာချီလိတ်မြို့ လေထုအရည်အသွေး အညွှန်းကိန်း တိုင်းတာမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လျက်ရှိရာ မတ် ၂၆ ရက်တွင် ပြန်လည်တိုင်းတာရာတွင် လေထုအရည်အသွေး အညွှန်းကိန်း ပြန်လည်ကောင်းမွန်လာကြောင်း ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

လေထုအရည်အသွေး အညွှန်းကိန်း တိုင်းတာမှုအရ မတ် ၂၆ နံနက် ၁၀ နာရီတွင် အညွှန်းကိန်း အဆင့် ၁၀၅ သို့ ရောက်ရှိလာပြီး သင့်တင့်ကောင်းမွန်သည့် လေထုအရည်အသွေး အဆင့်ကို ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ “အညွှန်းကိန်း ၁၀၀ အောက်ဆိုရင် ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အခုက ၁၀၅ ဆိုတော့ ကျန်မာရေး ချို့တဲ့သူတွေအတွက် မသင့်လျော်သေးသည့် အခြေအနေလို့ သတ်မှတ်ထားတဲ့ အနေအထားမှာ ရှိပါသေးတယ်။ ဒါပေမယ့် ယခင်ရက်ပိုင်း အတွင်းက ရောက်ခဲ့တဲ့ အဆင့် ၂၀၀ ကျော်၊ ၃၀၀ ကျော်နဲ့ နှိုင်းယှဉ်ပါက အများကြီး ပြန်ကောင်းလာ တယ်လို့ ပြောလို့ရပါတယ်” ဟု လေထုအရည်အသွေး တိုင်းတာပေးနေသည့် ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်က ပြောကြားသည်။

ကာဗွန်မိုနောက်ဆိုဒ် နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ပါဝင်မှုများသည် အနည်းငယ်ရှိပြီး အောက်ဆီဂျင် ပါဝင်မှု မြင့်မားကြောင်း ၎င်းကဆိုသည်။အဆိုပါ လေထုအရည်အသွေး အညွှန်းကိန်းတိုင်းတာမှု ရလဒ်များအား ခရိုင်စီမံခန့်ခွဲမှုကော်မတီ က အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပေးခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့၊ လူမှုအဖွဲ့အသင်းများက မီးသတ်ကားများဖြင့် တစ်နေ့လျှင် သုံးကြိမ် လေထုထဲသို့ ရေမှုန်ဖြန်းပက်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.