Connect with us

Environment, Disasters & Accidents

ပျက်ကျလေယာဉ် အစိတ်အပိုင်းများ စတင် ရှာဖွေ တွေ့ရှိ

Y-8 လေယာဉ်အား စစ်ရေယာဉ်များဖြင့် ရှာဖွေရေး ဆောင်ရွက်လျက် ရှိသည့် ဧရိယာ မြေပုံ(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

ထားဝယ်မြင်းခွာအော်မှ အနောက်ယွန်းယွန်း နေရာတွင် ပျက်ကျလေယာဉ် အစိတ်အပိုင်းများအား ယနေ့ ဇွန် ၁၅ ရက် ညနေပိုင်းတွင် စတင် ရှာဖွေ တွေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ထိုှုအစိတ်အပိုင်းမှာ ပျက်ကျ Y-8 လေယာဉ်၏ လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါရှိသည့် လေယာဉ်အမြီးပိုင်းဖြစ်ကြောင်း သိရှိရပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ယနေ့ညနေ ၅ နာရီ ၁၈ မိနစ်တွင် ထားဝယ်မြင်းခွာအော်မှ အနောက်ယွန်းယွန်း ၂၆၀ ဒီဂရီအတိုင်း ၇.၅ မိုင်အကွာ(မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ) နေရာတွင် ပင်လယ်ပြင်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အောင်သုခ ဒေသခံငါးဖမ်းစက်လှေသည် ငါးဖမ်းပိုက်ဖြင့် တရွတ်ဆွဲရှာဖွေစဉ် ရေအောက်တွင် ပိုက်၌ တစ်စုံတစ်ရာငြိနေကြောင်း သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

Y-8 လေယာဉ်အား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ပါဝင်ဆောင်ရွက်သည့် စက်လှေအား တွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

သတင်းပို့ချက်အရ ၎င်းနေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် စစ်ရေယာဉ် ၂ စီးတို့မှ ရေအောက်ရှာဖွေရေးကိရိယာ ဆိုနာဖြင့် ထပ်မံအတည်ပြုပြီး ရေငုပ်စစ်သည်များက ရေငုပ်စစ်ဆေးခဲ့ရာ ရေအောက်အနက် ၃၅ မီတာခန့်တွင် ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းအားရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)