Connect with us

Environment, Disasters & Accidents

Y-8 ပျက်ကျလေယာဉ်ကိုယ်ထည်အစိတ်အပိုင်းများနှင့် ရုပ်အလောင်း ၁ လောင်းတွေ့ရှိ

Y-8 လေယာဉ်အားရှာဖွေနေသည့် နေရာပြမြေပုံအားတွေ့ရစဉ် (ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ပျက်ကျ Y-8 လေယာဉ် အမြီးပိုင်း တွေ့ရှိခဲ့သည့် နေရာ အနီးတဝိုက်မှ လေယာဉ်ကိုယ်ထည်အစိတ်အပိုင်း အလူမီနီယံပြား ၃ ပြားနှင့် အမျိုးသားရုပ်အလောင်း ၁ လောင်းကို ဆယ်ယူရရှိခဲ့ကြောင်း ၊ယခုအချိန်အထိ စုစုပေါင်း ရုပ်အလောင်း ၉၃ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိနေသည့် လေယာဉ်အစိတ်အပိုင်းများအား ထပ်မံရှာဖွေတွေ့ရှိစေရေးအတွက် ရှာဖွေရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ထို့ပြင် ဆယ်ယူရရှိခဲ့သည့် Flight Data Recorder-Black Box နှင့် CVR-Cockpit Voice Recorder တို့မှ လေယာဉ်ပျက်ကျသည့် အကြောင်းအရင်းအချက်အလက်များ ဖော်ထုတ်ရရှိရေးအတွက် လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.