Connect with us

Environment, Disasters & Accidents

ပျောက်ဆုံးနေသည့် တပ်မတော်ပို့ဆောင်ရေး ဝိုင်-၈ လေယာဉ် အစိတ်အပိုင်း လောင်းလုံမြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း စတင်ရှာဖွေတွေ့ရှိ

လေယာဉ်ပျောက်ဆုံးသွားသော နေရာပြ မြေပုံအားတွေ့ရစဉ် (ဓါတ်ပုံ- ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

ပျောက်ဆုံးနေသည့် တပ်မတော်ပို့ဆောင်ရေး ဝိုင်-၈ လေယာဉ်နှင့်ပတ်သက်သည့် အစိတ်အပိုင်းနှင့် ရုပ်အလောင်းတစ်ချို့ အား ကျောက်နီမော်၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင်အကွာ ပင်လယ်ပြင်အတွင်း ယနေ့ ဇွန် ၈ ရက် နံနက်ပိုင်းတွင် စတင် ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်အမှတ် ၅၅၈ မှ အဆိုပါနေရာတွင် လေယာဉ်ဘီးဟု ယူဆရသည့် တာရာကွင်းတစ်ခု၊ အမျိုးသားရုပ်အလောင်း တစ်လောင်း၊ အမျိုးသမီးရုပ်အလောင်း တစ်လောင်း၊ ကလေးရုပ်အလောင်း တစ်လောင်း နှင့် အသက်ကယ်အင်္ကျီ ၂ ထည်၊ အဝတ်အစားထည့်သည့် အိတ်အချို့အား ဆယ်ယူရရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။တပ်မတော်ပို့ဆောင်ရေး ဝိုင်-၈ လေယာဉ်သည် ဇွန် ၇ ရက် မွန်းလွဲပိုင်း အချိန်တွင် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးခဲ့ပြီး လေယာဉ်ပေါ်တွင် စုစုပေါင်းလူ ၁၂၂ ဦး လိုက်ပါခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.