Environment, Disasters & Accidents
ပြင်းအား ၆.၈ ရှိသည့် ငလျင်လှုပ်ခတ်၊ တစ်နိုင်ငံလုံးငလျင်လှုပ်ခတ်မှုကိုခံစားရ
ရန်ကုန်၊ဧပြီ၁၃ ရက်(ဆင်ဟွာ)
၂၀၁၆ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၂၅)မိနစ် (၁၈)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက် မြောက်ဘက် (၁၁၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း စစ်ကိုင်းတိုင်း ကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက်(၄၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီ မှ ဆင်ဟွာကို ပြောသည်။
ငလျင်ကော်မတီမှ တာဝန်ရှိသူက “ငလျင်လှုပ်တာကို တစ်နိုင်ငံလုံးခံစားလိုက်ရတယ်။ ဒါပေမယ့် ပိုပြီးခံစားရတာကတော့ ကလေးမြို့ဘက်မှာပါ။ ပျက်စီးဆုံးရှုံးမှှု ရှိမရှိကို ကျွန်တော်တို့ စုံစမ်းနေတုန်းပါ’’ ဟုပြောသည်။
ယခုငလျင်သည် အင်အားပြင်း ငလျင်ဖြစ်သောကြောင့် စောက်နက်သော်လည်း တစ်နိုင်ငံလုံးက ငလျင်အရှိန် ခံစားရကြောင်း သိရပါသည်။ သက်ဆိုင်ရာ မြို့နယ်များအလိုက် မိမိတို့ ကြုံတွေ့ သိရသော အချက်အလက်များအား ကွန်မန့်နေရာ၌ တင်ပြပေးကြပါရန် ငလျင်ကော်မတီမှ မေတ္တာရပ်ခံထားသည်။ ငလျင်ဗဟိုချက်နှင့် အနီးဆုံး ဖြစ်သော ပြင်ကိုင်း၊ သက်ကယ်ကျင်း၊ ဘုံမဇင်း စသော ကျေးရွာများ၏ အခြေအနေအားလည်း စုံစမ်းကြည့်ရန် ၎င်းကော်မတီမှ တိုက်တွန်းထားသည်။ (Xinhua)