Connect with us

Environment, Disasters & Accidents

အယ်နီညိုနှစ်တွင် မြို့နယ် ၈ ခု၌ အပူချိန်စံချိန်ကျိုး

အယ်နီညိုနှစ်တွင် မြို့နယ် ၈ ခု၌ အပူချိန်စံချိန်ကျိုး

ရန်ကုန် ၊ ဧပြီ ၁၃ရက် (ဆင်ဟွာ)

ယခုနှစ်အယ်နီညိုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် ရှိသော မြို့နယ် ၈ ခုတွင် အပူချိန်စံချိန်များ ယခင်အမြင့်ဆုံးစံချိန်ဟောင်းထက် စံချိန်ကျိုးသွားခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ယင်းမြို့နယ် ၈ ခုမှာ ချောက်၊ စစ်ကိုင်း၊ တောင်တွင်းကြီး၊ ရမည်းသင်း၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ဟဲဟိုး နှင့် မိုးကုတ်တို့ဖြစ်ကြသည်။

ချောက်မြို့နယ်သည် နှစ်ပေါင်း ၃၂ နှစ်အတွင်း အပူချိန် စံချိန်ကျိုးခဲ့ခြင်းဖြစ်ပြီး မူလစံချိန်ဟောင်း ၄၆.၁ ဒီဂရီစင်တီဂရိတ် အစား ၄၆.၂ စင်တီဂရိတ် သို့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ စစ်ကိုင်းမြို့တွင် နှစ်ပေါင်း ၅၂ နှစ်အတွင်း အပူချိန်စံချိန်ကျိုးခဲ့ခြင်းဖြစ်ပြီး စံချိန်ဟောင်းဖြစ်သည့် ၄၃.၇ ဒီဂရီစင်တီဂရိတ်အစား ၄၃.၈ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

တောင်တွင်းကြီးမြို့တွင် ၁၉ နှစ်အတွင်းစံချိန်ကျိုးခဲ့ခြင်းဖြစ်ပြီး စံချိန်ဟောင်းဖြစ်သည့် ၄၃.၂ ဒီဂရီစင်တီဂရိတ်အစား ၄၃.၈ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ရမည်းသင်းမြို့နယ်တွင် ၅၂ နှစ်အတွင်း အပူချိန်စံချိန်ကျိုးခဲ့ခြင်းဖြစ်ပြီး စံချိန်ဟောင်းဖြစ်သည့် ၄၂.၆ဒီဂရီစင်တီဂရိတ်အစား ၄၃.၆ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
မိတ္ထီလာမြို့နယ်တွင် နှစ်ပေါင်း ၆၀ အတွင်းအပူချိန် စံချိန်ကျိုးခဲ့ခြင်းဖြစ်ပြီး စံချိန်ဟောင်းဖြစ်သည့် ၄၃.ဝဒီဂရီစင်တီဂရိတ်အစား ၄၃.၅ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ကျောက်ဆည်မြို့တွင် နှစ်ပေါင်း ၁၇ နှစ်အတွင်း အပူချိန်စံချိန်ကျိုးခဲ့ခြင်းဖြစ်ပြီး စံချိန်ဟောင်းဖြစ်သည့် ၄၂.၅ ဒီဂရီစင်တီဂရိတ်အစား ၄၃.၂ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ဟဲဟိုးမြို့တွင် နှစ်ပေါင်း ၃၇ နှစ်အတွင်း အပူချိန်စံချိန်ကျိုးခဲ့ခြင်းဖြစ်ပြီး စံချိန်ဟောင်းဖြစ်သည့် ၃၆.၆ ဒီဂရီစင်တီဂရိတ်အစား ၃၆.၈ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
မိုးကုတ်မြို့တွင် နှစ်ပေါင်း ၃၄ နှစ်အတွင်းအပူချိန်စံချိန်ကျိုးခဲ့ခြင်းဖြစ်ပြီး စံချိန်ဟောင်းဖြစ်သည့် ၃၅.၂ ဒီဂရီစင်တီဂရိတ်အစား ၃၅.၄ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
နေ့အပူချိန်များမှာ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင်‌့ ကယားပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီ စင်တီဂရိတ်ထိ ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရပါသည်။
တိုင်းထွာရရှိသည့် ခရမ်းလွန်ရောင်ခြည်ကျရောက်မှု အမြင့်ဆုံးအညွှန်းကိန်းများမှာ နေပြည်တော်တွင် (၇.ဝ)၊ ရန်ကုန်မြို့တွင် (၈.၈)နှင့် မန္တလေးမြို့တွင် (၈.၆)တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပူတာအိုမြို့တွင် (၂.၆၀)လက်မနှင့် မချမ်းဘောမြို့တွင် (၁.၆၁) လက်မတို့ ဖြစ်ကြကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117