Connect with us

Environment, Disasters & Accidents

ဖားကန့် ကမ်းပါး ပြိုကျမှုတွင် ပျောက်ဆုံးသူများထဲမှ ရုပ်အလောင်း တစ်ချို့တွေ့ ရှိ

ဖားကန့်တွင် ကမ်းပါးပြိုကျမှုသော နေရာအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မမုံစံပြကျေးရွာ မြောက်ဘက် တစ်မိုင်ခန့် အကွာ ဧရာရတနာ ကျောက်မျက် ကုမ္ပဏီ လုပ်ကွက်ဟောင်း အတွင်း ဇူလိုင်၂၄ ရက်က ကမ်းပါးယံပြိုကျမှု ဖြစ်စဉ်ကြောင့် ပျောက်ဆုံးသူများထဲမှ ဇူလိုင် ၂၇ ရက်တွင် အလောင်း ရှစ်လောင်း တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

အခင်းဖြစ်ပွားရာနေရာနှင့် အနီးအနားကျေးရွာများမှ ပျောက်ဆုံးသူများစာရင်းစိစစ်ခဲ့မှုအရ ရေမဆေး ကျောက်ရှာဖွေသူ၂၇ ဦးအထိ ပျောက်ဆုံးခဲ့သည့်အတွက် ကျန် ၁၉ ဦးကို ဆက်လက်ရှာဖွေလျက်ကြောင်း သိရသည်။ထိုသေဆုံးသူများ အနက် အောက်မက်လင်ချောင်ရွာမှ ဦးအဝိဝမ်ဒီးဆာရ်နှင့်ဦးဖလားဒီးရမ်၊ စပေါ့ကျေးရွာမှ ဦးရမိုင်နမ်ရမ် ၊ ဖားပြင် ကျေးရွာမှ မျိုးဝင်းထွန်း (ခ) ဘိုတိုး၊ ဦးရမ်မားဖုန်နှင့် မောင်လဂျီ၊ မမုံကျေးရွာမှ ဦးကျော်မင်းနိုင်တို့ကို ၎င်းတို့မိသားစုဝင်များက ယူဆောင်သြင်္ဂိုဟ်ခဲ့ကြပြီး ကျန်တစ်ဦးမှာ မည်သူ မည်ဝါမှန်း မသိရသည့် အတွက် သင်္ခါလူမှုကူညီရေးအသင်းက သြင်္ဂိုဟ်ပေးခဲ့ရကြောင်း သိရသည်။ထိုကမ်းပါးယံပြိုကျမှု ဖြစ်စဉ်တွင် ရေမဆေးကျောက် ရှာဖွေသူများ ၊ ကမ်းပါးယံအနီးတစ်ဝိုက် ကျောက်တူးဖော် နေသူများ ပါဝင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.