Connect with us

Environment, Disasters & Accidents

မြန်မာတစ်နိုင်ငံလုံးတွင် ထင်း၊ မီးသွေး သုံးစွဲမှု ကုဗတန် သန်း(၂၀)ကျော် ရှိ

ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုကို အထောက်အကူ ပြုနိုင်ရန် အစားထိုး စွမ်းအင်ဆိုင်ရာ အစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးတွင် ထင်း၊ မီးသွေး သုံးစွဲမှု ကုဗတန် သန်း(၂၀)ကျော် ရှိကြောင်း သဘာဝတောများမှ သစ်တောသယံဇာတများကို ဒေသလိုအပ်ချက်အတွက် ထုတ်ယူသုံးစွဲ သည့် ဖိအားများကို လျှော့ချပြီး ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုကို အထောက်အကူ ပြုနိုင်ရန် အစားထိုး စွမ်းအင်ဆိုင်ရာ အစည်းအဝေးထံမှ သိရသည်။

လက်ရှိ သုံးစွဲနေသော လောင်စာစွမ်းအင်(၈)မျိုး အသုံးပြုလျက်ရှိရာ ထင်းသုံးစွဲမှု(၆၉ ဒသမ ၂) ရာခိုင်နှုန်း၊ မီးသွေးနှင့်လောင်စာတောင့် သုံးစွဲမှု (၁၁ ဒသမ ၈) ရာခိုင်နှုန်းရှိသည့်အတွက် ထင်း၊ မီးသွေး သုံးစွဲမှုသည် တစ်နိုင်ငံလုံး လောင်စာသုံးစွဲမှု စုစုပေါင်း၏ (၈၁) ရာခိုင်နှုန်း ရှိပြီး ပမာဏအနေဖြင့် ထင်း၊ မီးသွေး စုစုပေါင်းကုဗတန် သန်း(၂၀)ကျော် ရှိကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနှင့် လိုအပ်သည့် ထင်း၊ မီးသွေးများ တတ်နိုင်သမျှ ထောက်ပံ့ပေးရန်အတွက် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ တည်ထောင်ရန် အားပေးဆောင်ရွက်ခြင်း၊ သဘာဝ တောကျန်များ စနစ်တကျ ကာကွယ်ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက် ရှိသလို တစ်ဖက် တွင်လည်း ထင်း၊ မီးသွေး အသုံးပြုမှု လျော့နည်းစေရန် ထင်းအစား အခြားလောင်စာများ ပိုမိုတိုး တက်အသုံးပြုလာကြစေရေးနှင့် ထင်းကုန်သက်သာသော စွမ်းအားမြင့်မီးဖိုများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.