Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၁၄၆ လောင်းထိ တွေ့ရှိထား

ယနေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုအတွင်း ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ- တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့်  ရေမဆေးကျောက်ရှာဖွေသူ ညနေ ၆နာရီထိ ရုပ်အလောင်း ၁၄၆ လောင်း ရှာဖွေတွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြေစာပုံပြိုကျသည့်နေရာ၌ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများစွာ ကယ်ဆယ်ရှာဖွေရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုအတွင်း ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ-  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ယနေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုအတွင်း ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ-  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရေမဆေးသမားများက ရေမဆေးကျောက်ဝင်ရောက်ရှာဖွေနေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာမှ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့အများအပြား နွံနစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစာပုံပြိုကျသည့်နေရာသည် နိုင်ငံတော်နှင့် အကျိုးတူ လုပ်ငန်းလုပ်ကိုင်လျက်ရှိသော လုပ်ငန်းများယာယီရပ်နားထားသည့် ရတနာကြယ် ကျောက်မျက်တူးဖော်ရေး ကုမ္မဏီလုပ်ကွက်ဖြစ်ပြီးအမြင့် ၁,၀၀၀ ပေ အလျား ၇၀၀ ပေခန့် မြေသားများအပ်ကြောင်းဖြစ်ပြီး ပြိုကျကာ အောက်ခြေတွင်ရှိသော အကျယ် ၁,၀၀၀ x ၅၀၀ ပေခန့်ရှိ ရေကန်အတွင်းသို့ မြေသားများဝင်ရောက်ခဲ့ကြောင်း၊ ထိုအချိန်တွင် ရေကန်ပတ်လည်တွင် ရေမဆေး ကျောက်ရှာဖွေသူများသည် နွံလှိုင်းရိုက်ခတ်မှုများကြောင့် ရေကန်အတွင်းသို့ မြေသားများနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိ အချိန်ထိ မြေစာပုံပြိုကျမှုကြောင့် ဒဏ်ရာရရှိသူ  ၃၁ ဦးရှိကြောင်း ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆကိလက်ဆောင်ရွက်နေကြောင်း  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။  (Xinhua)