Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းတမံမှ အရေးပေါ် အခြေအနေ အသိပေးကြေညာချက်ထုတ်ပြန်

မုန်းချောင်းတမံ ၏ လက်ရှိအခြေအနေအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စေတုတ္တရာမြို့နယ် မုန်းချောင်းတမံမှ ရေကျော်ကျနေ၍ အရေးပေါ် အခြေအနေ အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ သိရသည်။

အဆိုပါ မုန်းချောင်းရေလှောင်တမံသည် ယနေ့နံနက်ပိုင်းက တာတမံရေအမှတ်မှာ ၅၂၂ ဒသမ ၂ပေ အထိရောက်ရှိနေပြီး ရေပိုလွှဲမှ ရေ ၂ ဒသမ၂ပေကျော်လာ၍ မုန်းတမံအောက်ဘက်ရှိ စေတုတ္တရာမြို့နယ် ရပ်ကွက်များနှင့် ကျေးရွာနေပြည်သူများ သိရှိနိုင်ရန် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁)အဖြစ် သတ်မှတ်ပြီး အစိမ်းရောင်အလံများ စိုက်ထူကာ အသိပေးနှိုးဆော်မူများ ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ရေပိုလွှဲမှ ရေကျော်မှုများရှိနေသော်လည်း ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်စရာ အခြေအနေမရှိသေးကြောင်း၊ သဘာဝဘေးအန္တရာယ် ကင်းဝေးရေး စီမံချက်အရ အရေးပေါ်အခြေအနေ သတ်မှတ်၍ ပြည်သူများသိရှိနိုင်ရန် အစိမ်းရောင် အလံ လွှင့်ထူ၍ အသိပေး နှိုးဆော်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူများ သဘာဝဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် တမံအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေရှိမရှိကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် အသိပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.