Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွား၍ ၃ ဦး သေ၊ ၁ ဦး ဒဏ်ရာရ

ပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွား၍ ၃ ဦး သေ၊ ၁ ဦး ဒဏ်ရာရ၊ ၅ ဦး ပိတ်မိနေမှုုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ ၁၀း၁၅ နာရီ အချိန် ဆောမြို့နယ်၊ ကျောက်မြောင်း ကျေးရွာ၏အရှေ့ဘက် ၄ မိုင်ခန့်အကွာ၌ သတ္တုတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ထွန်းရာဇ(မန္တလေး)ကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းခွင်တွင် အလုပ်သမား ၁၂ ဦးဖြင့် လုပ်ငန်းဆောင်ရွက်စဉ် အကျယ် ၁၀ ပေ၊ အနက် ၃၀၀ ပေခန့်၌ သဘာဝဓာတ်ငွေ့နှင့် အောက်ဆီဂျင်တို့ ထိတွေ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အဆိုပါအလုပ်သမားများအနက် မောင်စန်း(၃၈)နှစ်ပါ၃ ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ကျော်နိုင်ထွန်း(၂၅)နှစ်ပါ ကျား ၂ ဦးတွင် ဦးခေါင်းထိပ်၊ ခန္ဓာကိုယ်အရေပြား စုတ်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး တင်ကျော်ဝင်း (၂၅)နှစ်တွင် နဖူး၊ မျက်နှာ၊ ယာလက်၊ ဒူး၊ ပေါင်၊ တင်ပါး အရေပြား စုတ်ပြဲဒဏ်ရာများ(စိုးရိမ်ရ)ရရှိသဖြင့် သေဆုံး/ဒဏ်ရာရရှိသူများအား ဆောမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျောက်မီးသွေးတွင်း အတွင်း ပိတ်မိနေသူ အောင်ဇင်ထွန်း (၁၇)နှစ်ပါ ကျား ၆ ဦးအား ဆောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာသူ/သားတို့က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၅၄၅ အချိန်တွင် အောင်ဇင်ထွန်းအား ခန္ဓာကိုယ်အရေပြား စုတ်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ သဖြင့် ဆောမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၁၈း၀၅ နာရီ အချိန်တွင် မန်နေဂျာ မင်းမင်းဦး(၄၉)နှစ်အား ဆောမြို့မ ရဲစခန်း(ပ)၁၁၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ (ပေါ့လျော့မှုကြောင့်လူသေမှု/ ပြင်းထန် နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် ကျန်ပိတ်မိနေသူ ၅ ဦးအား ဆက်လက်၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.