Connect with us

Environment, Disasters & Accidents

မင်္ဂလာဈေးသစ် ၂ဝ၂ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်မည်

မင်္ဂလာဈေးသစ် တည်ဆောက်နေမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ မင်္ဂလာဈေးသစ်ကြီးကို လာမည့် ၂၀၂၀ ပြည်နှစ် နှစ်ကုန်ပိုင်းတွင် အပြီး တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။

မင်္ဂလာဈေးအဆောက်အအုံသစ်အား လူဦးရေ လေးသောင်း နီးပါး အသုံးပြုနိုင်သော နိုင်ငံတကာအဆင့်မီ ဈေးသစ်ကြီးအဖြစ် ၂ဝ၂ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းခန့်တွင် အပြီးတည်ဆောက်သွားရန် ခန့်မှန်းထားကြောင်း

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ တင်ဒါ အောင်မြင်ပြီးနောက် ၂ဝ၁၈ ခုနှစ် မေလမှစတင်၍ မြေပြင်အကြို လုပ်ငန်းများ စတင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အောက်ခံ ဖောင်ဒေးရှင်းအတွက် ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုလုံးအတွက် ၆ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မင်္ဂလာဈေးအသစ်ကြီး၌ ဆိုင်ခန်းပေါင်း တစ်ထောင်ကျော် ထပ်မံပါဝင်မည်ဖြစ်ပြီး ဆေးနှင့် အခြားပစ္စည်းများ စနစ်တကျသိုလှောင်နိုင်ရန် အပူချိန်ထိန်းညှိပေးထားသော သိုလှောင်ရုံငယ်များ၊ ဈေးသစ်၏ အောက်ဆုံးထပ် တွင် စားသောက်ဆိုင်များ၊ စူပါမားကတ်များပါ ထည့်သွင်းတည်ဆောက်နေကြောင်း သိရသည်။

မင်္ဂလာဈေးဟောင်းသည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ဒုတိယအကြိမ် မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.