Connect with us

Environment, Disasters & Accidents

မန္တလေးမြို့၌ ခြင်ဆေးထွန်းရာမှ နေအိမ် ခုနှစ်လုံး မီးလောင်

မီးလောင်နေသော နေအိမ်အား မီးငြိမ်းသတ်နေစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက် ၊ ဘုရင့်နောင်လမ်းနှင့် ကျန်စစ်သားလမ်းကြား၊ ၅၄×၅၅ လမ်းကြား၊ အကွက်အမှတ် (ထထ-၁၃/၇၅) ရှိ ပြည်စိုးဟိန်း ကျူရှင်စာသင်ဆောင်တွင် ခြင်ဆေးခွေထွန်းရာမှ နေအိမ် ခုနှစ်လုံးအထိ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ခြင်ဆေးခွေအား အောက်ခံမီးခံပြားမပါဘဲ စာအုပ်ပုံအနီး ထွန်းညှိထားရာမှ ယနေ့ နံနက် ၃ နာရီ ၅၅ မိနစ် က စာအုပ်ပုံအား မီးကူးစက်လောင်ကျွမ်းရာမှတစ်ဆင့် နေအိမ်(၇)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း အဆိုပါ မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် (၅၀) စီး၊ ရေသယ်ယာဉ် (၅) စီး၊ အုပ်ချုပ်မှုယာဉ် (၂) စီးနှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၄ နာရီ ၃၅ မိနစ် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။မီးလောင်မှုကြောင့် သွပ်မိုးထရံကာ တစ်ထပ်နေအိမ် ငါးလုံး၊ သွပ်မိုးပျဉ်ကာ နှစ်ထပ်နေအိမ် တစ်လုံး၊ အုတ်နံကပ် တစ်ထပ်နေအိမ် တစ်လုံး၊ စုစုပေါင်း နေအိမ် (၇) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးစတင်လောင်ကျွမ်းသော နေအိမ်မှ မီးပေါ့ဆစွာ သုံးစွဲသူ အိမ်ရှင်အား ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မီးဘေးသင့် အိမ်ထောင်စုများအား (စ)ရပ်ကွက်ရှိ ရတနာကိုးသွယ် ဓမ္မာရုံတွင် ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117