Connect with us

Environment, Disasters & Accidents

မိုးမောက်-လွယ်ဂျယ် ကားလမ်းတွင် ဘုရားဖူးယာဉ် တိမ်းမှောက်ရာ ငါးဦး သေဆုံး

တိမ်းမှောက်ခဲ့သည့် မော်တော်ယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmaalinn)

ရန်ကုန် ၊ မတ် ၈ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီး မိုးမောက်-လွယ်ဂျယ် ကားလမ်းတွင် ဇလုံတောင်မှ ဘုရားဖူး ပြန်လာသည့် မူဆယ် ဘုရားဖူးမော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကာ ယာဉ်ပေါ်လိုက်ပါလာသည့် ဘုရားဖူးခရီးသည် အမျိုးသမီးငါးဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ဗန်းမော်ခရိုင် မိုးမောက်မြို့ဘက်မှ လွယ်ဂျယ်လမ်းအတိုင်း မတ် ၇ ရက်တွင် မောင်းနှင်လာသော ဘုရားဖူး ခရီးသည် ၁၄ ဦး လိုက်ပါလာသည့် မော်တော်ယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက် မြို့နယ် ဇလုံတောင်မှ ဘုရားဖူးပြန်လာရာ မိုးမောက်မြို့နယ် ယောရုံကျေးရွာနှင့် ဝိန်းခမ်းကျေးရွာကြား မိုင်တိုင်အမှတ် ၃၈ အနီး တောင်အဆင်းတွင် လမ်း၏ဝဲဘက် ပေ ၂၀၀ ခန့်ရှိ ချောက်အတွင်းသို့ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ထိုယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများအား လွယ်ဂျယ်ဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင် ထားပြီး ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဖြစ်သူအား လွယ်ဂျယ်နယ်မြေရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။(Xinhua)