Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည်ကျက်စားနေသည့် နယ်မြေ၏ ရှစ်ရာခိုင်နှုန်း အတွင်း အနည်းဆုံး ကျား ၂၂ ကောင် ရှင်သန် ကျက်စားနေဟုဆို

မြန်မာနိုင်ငံ အတွင်း ကျင်လည်ကျက်စားနေသည့် ကျားတစ်ကောင်အား တွေ့ ရစဉ်(ဓာတ်ပုံ - MOI)

ရန်ုကုန် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည်ကျက်စားနေသည့် နယ်မြေ ရှစ်ရာခိုင်နှုန်းခန့်အတွင်း ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း တပ်ဆင်ခဲ့သည့် ကင်မရာထောင်ချောက်များမှ ရရှိသည့် ကျားမှတ်တမ်းဓာတ်ပုံများကို တစ်ကောင်ချင်း စိစစ် ခွဲခြားရာ အနည်းဆုံး ကျား ၂၂ ကောင် ရှင်သန်ကျက်စား နေကြောင်း သစ်တော ဦးစီး ဌာနမှ ဇူလိုင် ၂၉ ရက်တွင် ကျရောက်သော ကမ္ဘာ့ကျားများနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ”ကမ္ဘာ့ ပေါ်က ကျားရှိတဲ့ နိုင်ငံ ၁၃ နိုင်ငံသာရှိတဲ့အထဲမှာ မြန်မာနိုင်ငံက တစ်နိုင်ငံအပါအဝင် ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ နိုင်ငံထဲမှာ အရည် အသွေးကောင်းမွန်တဲ့ သစ်တောတွေ ရှိနေဆဲဖြစ်ပြီး ကျားတွေပေါက်ပွားနိုင်နေ သေးတယ်ဆိုတဲ့အချက်က အနာဂတ်မှာ ကျားကောင်ရေတိုးပွားလာဖို့ ကျွန်တော် တို့ရဲ့ မျှော်လင့်ချက်ကို ပိုမိုခိုင်မာစေ ပါတယ်။ မြန်မာ့အနာဂတ်မျိုးဆက်တွေက အာရှရဲ့ အထင်ကရမျိုးစိတ်ဖြစ်တဲ့ ကျားတွေနဲ့အတူ ယှဉ်တွဲနေထိုင်ရင်း ဂုဏ်ယူနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကျားတွေကို ကာကွယ်ပေးဖို့နဲ့ သူတို့ ပေါက်ပွားရှင်သန်နိုင်ဖို့ လုံလောက်တဲ့ ကျက်စားနယ်မြေတွေရှိနေစေဖို့ အားလုံး ပူးပေါင်းပြီး အထူးကြိုးစားလုပ်ဆောင် သွားကြရမှာပါ” ဟု ပြောကြားခဲ့သည်။

နိုင်ငံအတွင်း ကျားများကျင်လည် ကျက်စားနေသည့် နယ်မြေသည် နိုင်ငံ ဧရိယာ၏ ခုနစ်ရာခိုင်နှုန်းခန့် ဧက အားဖြင့် ၁၂ သန်းကျော် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကျင်လည် ကျက်စားနေဆဲ ကျားများကို တန်ဖိုးထား ထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ မြန်မာ အနုပညာရှင်များကလည်း အနုပညာ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်သွားရန် စီစဉ် လျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။(Xinhua)