Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ် ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ပြိုမှုကြောင့် သေဆုံးသူ ၂၂ ဦးထိ ရှိလာ


ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် ည ၇ နာရီချိန်ထိ သေဆုံးသူ ၂၂ဦးထိ ရှိလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

” လက်ရှိ အလောင်း ၂၂ လောင်း မြေတွေအောက်ထဲက ရထားပါပြီ၊ကယ်ဆယ်ရေးဆက်လုပ်နေပါတယ်၊ ဒဏ်ရာရသူတွေကိုလဲ နီးရာ ဆေးရုံတွေ ပို့ဆောင်ထားပါတယ်၊ ဒဏ်ရာရသူ ၄၀ကျော်တယ်” ဟုတောင်ပြိုကျမှုတွင် ကယ်ဆယ်ရေးဆောင်ရွက်နေသော အကြင်နာတွဲလက် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ် မုကျိကျေးရွာ၌ တောင်ပြိုကျမှုအားတွေ့ရစဉ်(ဆင်ဟွာ)

“မြေအောက်ပိနေတဲ့ လူတွေကို ရှာဖွေနေဆဲပါ၊ မြေကြီးအောက်ပိနေတဲ့လူတွေထပ်ရှိနေသေးတယ်၊ မြေပြိုပြီးကျောက်တုံးတွေအောက်မှာ ပိနေကြတာ၊ ကားတွေအိမ်တွေပေါ် မြေကြီးတွေကျောက်တုံးတွေက ဖုံးလွှမ်းသွားတော့အပျောက်အဆုံးး အရေအတွက် အတိအကျ ပြောမရဖြစ်နေတာ၊ ကားဘယ်နှစ်စီးလောက် ဒီမြေကြီးအောက်ထဲရှိနေမလဲသေချာပြောမရဘူး၊ ကျွန်တော်တို့ကတော့ မြေကြီးအောက်ထဲကနေ ခုထိ ဆက်ရှာဖွေကယ်ဆယ်နေပါတယ်”ဟု ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နေသော မွန်ပြည်နယ် လွှတ်တော်၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဆင်ဟွာသို့ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ် မုကျိကျေးရွာ၌ တောင်ပြိုကျမှုအားတွေ့ရစဉ်(ဆင်ဟွာ)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ် မုကျိကျေးရွာ၌ တောင်ပြိုကျမှုအားတွေ့ရစဉ်(ဆင်ဟွာ)

တောင်ပြိုကျသော မြေကြီးများအောက်တွင် ခရီးသည်တင် ယာဉ်တစ်စီးတွေ့ရှိထားကြောင်း၊ခရီးသည်များ အခြေအနေနှင့် အရေအတွက် မသိရ သေးကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

” မြေတွေကျောက်တုံး အကြီးကြီးတွေအောက်မှာ လူတွေ ပိနေတာ၊ မယုံနိုင်စရာမြင်ကွင်းပဲ၊ မိနစ်ပိုင်းအတွင်းပဲ ဖြစ်သွားတာ” ဟု သဲဖြူကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်-မော်လမြိုင် ကားလမ်းကို ည ၇ နာရီတွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရန် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ယနေ့ သြဂုတ် ၉ ရက်တွင် မွန်ပြည်နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် ရေးမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။(Xinhua)