Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် ၊ ချင်းပြည်နယ် နှင့် ဧရာဝတီ တိုင်းဒေသကြီး တို့ရှိ မြို့နယ် ၃၀ တွင် ဆိုင်ကလုန်း မုန်တိုင်း “မိုရာ”ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့

ဆိုင်ကလုန်း မုန်တိုင်း “မိုရာ”ကြောင့် ပျက်စီးဆုံးရှုံးမှု တစ်ချို့ အား ရှင်းလင်း ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Relief and Resettlement Department - Myanmar )

ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊ ချင်းပြည်နယ် နှင့် ဧရာဝတီ တိုင်းဒေသကြီး တို့ရှိ မြို့နယ် ၃၀ တွင် ဆိုင်ကလုန်း မုန်တိုင်း “မိုရာ”ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဘေးသင့်ပြည်သူများ အတွက် စုစုပေါင်း ကျပ် ၄၆၃.၀၂၅ သိန်း ထောက်ပံ့ထားကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” တိုက်ခတ်မှုကြောင့် ဇွန် ၂ ရက်တွင် ရရှိခဲ့သော သတင်း အချက်အလက် များ အရ ရခိုင်ပြည်နယ်တွင် စစ်တွေ ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော် ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ ရသေ့တောင်၊ ပေါက်တော၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင်နှင့် တောင်ကုတ် မြို့နယ်များတွင် မုန်တိုင်းဒဏ်ကို ခံစားခဲ့ရပြီး စုစုပေါင်း အိမ်(၁၅၇၃၇)လုံး ၊ ဘာသာရေးအဆောက်အဦ (၄၈၃) လုံး ၊ ရုံးအဆောက်အဦး(၃၂)လုံး ၊ ဝန်ထမ်းအိမ်ရာ(၁၈)လုံး၊ ဆေးရုံ/ဆေးခန်း (၂၇)ခု၊ စာသင်ကျောင်း(၃၂၂)ကျောင်း၊ IDP Camp (၅)ခု၊ စားသောက်ဆိုင်(၇)ဆိုင်၊ ဆန်စက်(၄)လုံးတို့ ထိခိုက်ပျက်စီးခဲ့ပြီး ဓါတ်တိုင်များ လဲပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ရိဒ်၊ ပလက်ဝ၊ မတူပီမြို့နယ်များတွင် မုန်တိုင်းဒဏ်သက်ရောက်မှုများခံစားခဲ့ရပြီးစုစုပေါင်းအိမ်(၃၆၅)လုံး၊ ဘာသာရေးအဆောက်အဦ(၁၂)လုံး၊ ဝန်ထမ်းအိမ်ရာ(၂၃)လုံး၊ ဆေးရုံ/ဆေးခန်း(၁)ခု၊ စာသင်ကျောင်း(၁၅)ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပြီး လူ(၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီးတွင် မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ငပုတော၊ ဓနုဖြူ၊ ကြံခင်း၊ မြန်အောင်၊ ဘိုကလေး မြို့နယ် များတွင်မုန်တိုင်းဒဏ်သက်ရောက်မှုများခံစားခဲ့ရပြီးစုစုပေါင်းအိမ်(၁၇၂)လုံး၊ ဆန်စက်(၂)လုံး၊ အခြား အဆောက်အဦ (၄) လုံး တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် ထိခိုက် ပျက်စီးမ အခြေအနေများကို ဆက်လက် စိစစ် အတည်ပြုဆဲ ဖြစ်ကြောင်း သိရသည်။(Xinhua)